DVB Logo
Home
မြန်မာသတင်း
သင်ပုန်းချောင်းကူးတံတားဆောက်ရန် အမျိုးသမီးများ ဆံပင်ဖြတ်လှူဒါန်းငွေ သိန်း ၃၀၀ ကျော် ရရှိ
DVB
·
March 14, 2019
သင်ပုန်းချောင်းကူးတံတားဆောက်ရန် အမျိုးသမီးများ ဆံပင်ဖြတ်လှူဒါန်းငွေ သိန်း ၃၀၀ ကျော် ရရှိ
1 / 4
Donate to DVB

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ရှောက်တောအုပ်စု ဆင်သေကွေ့ရွာမှာ တံတားတည်ဆောက်ဖို့ အမျိုးသမီးတွေ ဆံပင်ဖြတ်လှူဒါန်းတာ သိန်း ၃၀၀ ကျော် ရရှိခဲ့တယ်လို့ မြေလတ်ဆရာတော်က ပြောပါတယ်။

သင်ပုန်းချောင်းကူး တံတားတစင်း တည်ဆောက်နေတာ မတ်လ ၁၃ ရက်နေ့မှာ တံတားချဉ်းကပ်လမ်းသာ လိုတော့တယ်လို့ မြေလတ်ဆရာတော်က မိန့်ပါတယ်။

ဦးဆောင်ဆရာတော်ဘဒ္ဒန္တနန္ဒာစရိယ ဓမ္မကထိကမြေလတ်ဆရာတော်က "ကျေးရွာက အမျိုးသမီးတွေရဲ့ ဦးခေါင်းထက်က ရွှေဆံပင်တွေကို ရောင်းချပြီး ရလာတဲ့ သိန်း ၃၀၀ ကျော်ငွေကြေးကို မတည်ပြီး လုပ်ဆောင်ပါတယ်။ ပင်မတံတားကြီးကတော့ ပြီးစီးလုနီပါးဖြစ်သွားပြီ။ ကိုယ်ထူကိုယ်ထ တံတားအနေနဲ့ သိန်းပေါင်း ၂၂၆၀ ကုန်ကျသွားခဲ့တယ်။ ချဉ်းကပ်လမ်းပဲ ကျန်တော့တယ်" လို့ ဒီဗွီဘီကိုမိန့်ပါတယ်။

ဆင်သေကွေ့ရွာက ဒေါ်စန်းက "ဆရာတော်အနေနဲ့ သင်ပုန်းချောင်းထဲကို ရေလာရင် အများပြည်သူတွေ သွားလာရေးခက်တာ မြင်နေရတော့ အမျိသမီးတွေရဲ့ ဆံပင်ကိုအလှူခံပြီး တံတားဆောက်ချင်တယ်။ အမိန့်ရှိလာတာမို့ ကျေးရွာက အမျိုသမီးတွေက ဆံပင်တွေဖြတ်ပြီး လှူခဲ့ပါတယ်။ ၁၀ သား၊ ၁၅ ကျပ်သား၊ ၂၀ သား၊ ဆံပင်ကောင်းရင်ကောင်းသလို တရွာလုံးက လှူကြတယ်" လို့ ပြောပါတယ်။

ဆံပင်အရှည်တွေကို ၁ ပိသာ ၇ သိန်း ၈ သိန်းလောက်ရှိပြီး ဆံပင်တိုတွေကတော့ ၃ သိန်း ၄ သိန်းဈေးလောက်ပဲ ရှိပါတယ်။ အမျိုးသမီး ၁ ဦးကို ၁ သိန်း ၁ သိန်းခွဲ လောက်ရကြပါတယ်။ အမျိုးသမီးတွေရဲ့ ဆံပင်ပိဿာ ၇၀ ကျော်တယ်လို့ ရွာအုပ်ချုပ်ရေးမှူး ဦးကြည်ခိုင်က ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးကြည်ခိုင်က "သင်ပုန်းချောင်းကြီးက ဝမ်းတွင်းမြို့ အရှေ့ဘက်နဲ့ အနောက်ဘက်ဆိုပြီး ပိုင်ခြားထားတယ်။ ရေလာရင် လူမှုရေး၊ စီးပွားရေး စတဲ့ အကြောင်းကိစ္စ ကြီးငယ်အတွက် သွားလာရေးခက်ခဲခဲ့တယ်။ အမျိုသမီးတွေ ဦးခေါင်းထက်က ရွှေဆံပင် ရောင်းရငွေ သိန်း ၃၀၀ ကျော်မတည်ပြီး ၁ ရက် ၅ လ ၂၀၁၈ ကစလို့ ဒီတံတားကို ဆောက်ခဲ့တာပါ" လို့ ဒီဗွီဘီကို ပြောပါတယ်။

ဆင်သေကွေ့ရွာမှာ တည်ဆောက်တဲ့ သင်ပုန်းချောင်းကူးတံတားဟာ အရှည်ပေ ၁၈၀ ကျော်ရှိပြီး ကားလမ်း ၁၂ ပေနဲ့ လူသွားလမ်း ၆ ပေအပါ အကျယ် ၁၈ ပေ၊ တံတားအမြင့် ၉ ပေရှိပါတယ်။

တံတားတည်ဆောက်တာကြောင့် တံတားအရှေ့ဘက် အိမ်ထောင်စု ၂၀၀၊ ရွာ ၈ ရွာနဲ့ အနောက်ဘက်မှာ အိမ်ထောင်စု ၂၀၀၊ ရွာ ၈ ရွာရှိလို့ တံတားအနီး ရွာ ၁၆ ရွာက ဒေသခံတွေအတွက် ပိုမို အဆင်ပြေစေပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013