DVB Logo
Home
Lead Story
Melody World တေးသံရှင် ကျော်သီဟ၏ အသည်းကွဲသီချင်း-၀ဋ်ကြွေးရှိသမျှ(ရုပ်သံ)
DVB
·
March 14, 2019
Melody World တေးသံရှင် ကျော်သီဟ၏ အသည်းကွဲသီချင်း-၀ဋ်ကြွေးရှိသမျှ(ရုပ်သံ)
Donate to DVB
    “သတိမေ့ထားပါတယ်… တခါတလေ လမ်းမှာတွေ့ရင်လည်း… ယောင်မှားလို့ တောင်မှ မပြုံးပြဖို့ ငါကြိုးစားမယ်… အမှတ်တရ ပေးခဲ့သော… ဒဏ်ရာများစွာ ရှိနေလည်း … နင့်အကြောင်းများ တွေးရင်… တဆစ်ဆစ်နဲ့ နာတယ်”
    ဒါကတော့ အသစ်ထွက်ရှိလာတဲ့ တေးသံရှင် ကျော်သီဟရဲ့ အသည်းကွဲသီချင်း သစ်တပုဒ်ထဲက စာသားတွေ ဖြစ်ပါတယ်။
    “နင်ပိုချစ်ခဲ့တဲ့ နင့်အတ္တများရယ်… နင်စော်ကားခဲ့သမျှ စကားလုံးများ အဓိပ္ပါယ်… ပြန်ယူသွားပါတော့… ငါမလိုချင်တော့… မဖြစ်သင့်ပါဘူး… မရှိရှိတာတခု… အကြောင်းပြ ကာ မယောင်ရာကို ဆီလူးတဲ့သူ… ရင်ခွင်ကို တရားမဲ့ နှိပ်စက်နေ… မင်းအချစ်ရဲ့ ဥပဒေ … အကြင်နာတွေ လာဘ်စားလို့နေ… မထူနိုင်အောင် လဲကျနေခဲ့ ငါဟာ… အားကိုးရာမဲ့ … ၀ဋ်ကြွေးရှိသမျှ ကြေပါရစေ… ဒီဘ၀နဲ့”
    တေးသံရှင် ကျော်သီဟဟာ The Best Of Melody World 2008 သီချင်းဆိုပြိုင် ပွဲမှာ ဒုတိယဆုကို ရရှိခဲ့ပြီး ဂီတလောကထဲကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ထူးခြားတဲ့ အသံနဲ့ ခပ်ဆွေးဆွေး အချစ်၊ အလွမ်းသီချင်းတွေနဲ့ ပရိသတ်အားပေးမှု ရရှိထားသူတယောက်ဖြစ်တဲ့ ကျော်သီဟရဲ့ မင်းသိလာမယ်၊ ငါချစ်သောနင် နင်မချစ် သော ငါစတဲ့ သီချင်းတွေဟာ ပရိသတ်အားပေးမှုတွေ ရရှိခဲ့တဲ့ သီချင်းတွေဖြစ်တာမို့ ခုအသစ်ထွက်လာတဲ့ သီချင်းမှာရော ဘယ်လိုခံစားချက်တွေနဲ့ သီဆိုထားမလဲဆိုတာကို ခံစားနားဆင်နိုင်မှာ ဖြစ်ပါတယ်။
“သတိမေ့ထားပါတယ်…  တခါတလေလမ်းမှာဆုံခဲ့လည်း… ယောင်မှားလို့တောင် မှ မပြုံးပြဖို့ငါကြိုးစားမယ်… အမှတ်တရပေးခဲ့သော… ဒဏ်ရာများစွာ ရှိနေလည်း… နင့်အ အကြာင်းများတွေးရင် တဆစ်ဆစ်နဲ့နာတယ်… အပိုင်းပိုင်းနင်ချိုး… မီးနဲ့တင်ရှို့…  ငါ့ဘဝ ဟာ ဘုရားပြီးတော့ ငြမ်းဖျက်သလိုမျိုး… အရာရာဟာ နင့်ကြောင့်မဟုတ်ခဲ့သလို… အပြုံးမပျက်တဲ့ နင့်ကို သေရာပါငါမုန်းတက်ဖို့… နာကျင်တာပြောပြနိုင်မယ့် စကားလုံးမရှိခဲ့ ဝဋ်ကြွေးရှိသမျှ… ကြေပါရစေ ဒီဘဝနဲ့”
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo
About Us
For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.
Follow Us
© Democratic Voice of Burma 2013