DVB Logo
Home
မြန်မာသတင်း
လက်ထပ်နိုင်သည့် အသက်အရွယ် ၁၈ နှစ်ပြည့်ပြီးဖြစ်ရမည်ဟု အမျိုးသားလွှတ်တော် အတည်ပြု
DVB
·
March 14, 2019
လက်ထပ်နိုင်သည့် အသက်အရွယ် ၁၈ နှစ်ပြည့်ပြီးဖြစ်ရမည်ဟု အမျိုးသားလွှတ်တော် အတည်ပြု
Donate to DVB

မြန်မာနိုင်ငံမှာ အမျိုးသမီး၊ အမျိုးသားတွေ လက်ထပ်နိုင်တဲ့ အသက်အရွယ်ကို အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်ရမယ်လို့ အမျိုးသားလွှတ်တော်က မတ်လ ၁၃ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုဖို့ မနေ့က အမျိုးသားလွှတ်တော်မှာ တပိုဒ်ချင်းစီ အဆုံးအဖြတ်ရယူ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်တာပါ။

အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ ထိမ်းမြားလက်ထပ်နိုင်တဲ့ အသက်ဟာ တည်ဆဲဥပဒေတွေနဲ့ ဓလေ့ထုံးတမ်း ဥပဒေတွေမှာ အသက်နဲ့စပ်လျဉ်းတဲ့ ပြဋ္ဌာန်းသတ်မှတ်ချက်နဲ့ အညီဖြစ်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ထိမ်းမြားလက်ထပ်တဲ့စာချုပ် ချုပ်ဆိုပြီး လက်ထပ်တာ သို့မဟုတ် ကတိသစ္စာပြုပြီး ထိမ်းမြားတာဖြစ်ရင် ထိမ်းမြားလက်ထပ်ဖို့ ပဋိညာဉ်ပြုနိုင်တဲ့ အသက်ဟာ ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမယ်လို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက အစီရင်ခံထားပါတယ်။

လွှတ်တော်ကိုယ်စားလှယ် တချို့ကတော့ ဒီပုဒ်မ ၂၃ ပါ အသက်ကန့်သတ်ချက်နဲ့ ပတ်သက်ပြီး ပယ်ဖျက်ဖို့ ပြင်ဆင်ချက်တင်ထားတာ ရှိသလို အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်ရမယ်လို့ ပြင်ဆင်ချက်တင်ထားတာလည်း ရှိပါတယ်။

တချို့လွှတ်တော်ကိုယ်စားလှယ်တွေကတော့ တည်ဆဲဥပဒေတွေနဲ့ ဓလေ့ထုံးတမ်း ဥပဒေတွေမှာ ဘယ်လိုပဲပြဋ္ဌာန်းထားထား လက်ထပ်နိုင်တဲ့ အသက်ဟာ ၁၈ နှစ်ပြည့်ပြီးဖြစ်ရမယ်လို့ ပြင်ဆင်ချက်တင်ခဲ့သလို ပြည်သူ့လွှတ်တော်က ပြင်ဆင်ထားတဲ့အတိုင်း အတည်ပြုဖို့ တင်ပြတဲ့ ကိုယ်စားလှယ်လည်း ရှိတာကြောင့် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ရတာပါ။

အခုလို လက်ထပ်နိုင်တဲ့အသက်ကို ၁၈ နှစ်လို့ အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တဲ့အတွက် လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲသွားပြီး ပြည်ထောင်စုလွှတ်တော်မှာ အဆုံးအဖြတ်ခံယူရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013