DVB Logo
Home
Lead Story
ဇော်ဝင်းထွဋ်ရဲ့ နွေနတ်သမီး ရော့ခ်သင်္ကြန်သီချင်းစီးရီးထွက်ရှိ  (ရုပ်သံ)
DVB
·
March 13, 2019
ဇော်ဝင်းထွဋ်ရဲ့ နွေနတ်သမီး ရော့ခ်သင်္ကြန်သီချင်းစီးရီးထွက်ရှိ  (ရုပ်သံ)
Donate to DVB

အင်္ဂလိပ်လို Summer Angel မြန်မာလို နွေနတ်သမီးလို့ နာမည်ပေးထားတဲ့ ရော့ခ်သင်္ကြန်သီချင်းခွေဟာ ဘ၀မှာ အမြန်ဆုံးသီဆိုထုတ်လုပ်ဖူးတဲ့ သီချင်းခွေလို့ တေးသံရှင် ဇော်ဝင်းထွဋ်က ပြောပါတယ်။

သင်္ကြန်သီချင်းအသစ်တွေ မဆိုဖြစ်တာ ၁၀ နှစ်လောက် ရှိသွားပြီလို့လည်း သူက ဒီဗွီဘီနဲ့ သီးသန့်တွေ့ဆုံခန်းမှာ ပြောပါတယ်။

ဇော်ဝင်းထွဋ်၊ ရင်ဂို၊ စည်သူလွင်၊ အာဇာနည်၊ လင်းလင်းနဲ့ ဝေလ တို့ ပါဝင်သီဆိုထားကြတဲ့ နွေနတ်သမီး သင်္ကြန်စီးရီးမှာ Title သီချင်း နွေနတ်သမီး ကို ဇော်ဝင်းထွဋ်က သီဆိုထားပါတယ်။

ဇော်ဝင်းထွဋ်ဆိုတဲ့ နွေနတ်သမီး၊ လင်းလင်း ဆိုထားတဲ့ ကားစုတ်ကြီးပေါ်တက် နဲ့ ဝေလဆိုထားတဲ့ အဟောင်းများရောင်းပစ်လိုက် သီချင်း ၃ ပုဒ်ဟာ သီချင်းအသစ်တွေဖြစ်ပါတယ်။

သီချင်းခွေဒီဇိုင်းကအစ ဘယ်မှမအပ်တော့ဘဲ ကိုယ်တိုင်ဒီဇိုင်းလုပ်ပြီး အခွေ အမြန်ထွက် နိုင်အောင်ကြိုးပမ်းခဲ့တယ်ဆိုတဲ့ နွေနတ်သမီးသင်္ကြန်ခွေကို မတ် ၁၂ရက်မှာ စတင်ဖြန့်ချိလိုက် ပါတယ်။

ဇော်ဝင်းထွဋ်ရဲ့ သင်္ကြန်သီချင်းသစ်ကို မြည်းစမ်းကြည့်လိုတဲ့ သူ့ ပရိသတ်တွေအတွက် ဒီဗွီဘီနဲ့ အင်တာဗျုး အတိုလေး တင်ဆက်ပေးလိုက်ပါတယ်။

ဇော်ဝင်းထွဋ်နဲ့ သီးသန့်အင်တာဗျုးကိုတော့ သင်္ကြန်နားနီးလာချိန် ဧပြီ ၉ ရက်နဲ့ ၁၁ ရက်တို့မှာ ဒီဗွီဘီရုပ်သံက ထုတ်လွှင့်ပေးမှာဖြစ်ကြောင်းလည်း ကြိုတင်သတင်းကောင်းပါးလိုက်ပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013