DVB Logo
Home
မြန်မာသတင်း
မြောက်ဦးမြို့နယ်တွင် လမ်းပြခေါ်ခံရသည့် အရပ်သား ၁ဦး မိုင်းထိသေဆုံး
DVB
·
March 13, 2019
မြောက်ဦးမြို့နယ်တွင် လမ်းပြခေါ်ခံရသည့် အရပ်သား ၁ဦး မိုင်းထိသေဆုံး
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က အရပ်သားသုံးဦး မတ်လ ၉ ရက်နေ့က မြန်မာ့ တပ်မတော်က လမ်းပြအဖြစ် ခေါ်ဆောင်သွားရာ လမ်းမှာ မိုင်းပေါက်ကွဲတာကြောင့် အရပ်သား ၁ ဦး သေဆုံးသွားပြီး  ၂ဦးဒဏ်ရာရရှိသွားပါတယ်။

မြောက်ဦးမြို့နယ် စာပေါင်ကျေးရွာကို တပ်မတော်စစ်ကြောင်းတွေ ရောက်လာပြီး ဦးကြာထွန်းအောင်၊ ဦးမောင်သိန်းကျော်နဲ့ ဦးစနေထွန်းတို့ကို သူတို့ရဲ့ဆန္ဒမပါဘဲ အတင်း ခေါ်ဆောင်သွားတာလို့ မြောက်ဦးမြို့နယ် မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

“စစ်ကြောင်းတက်လာတဲ့အတွက် ရွာသားတွေက ကြောက်လို့ရှောင်နေတဲ့အခါ ရွာမှာ အစောင့် တယောက်၊ နှစ်ယောက်ထားခဲ့တာ။ အဲဒီအစောင့် တယောက်၊ နှစ်ယောက် ကို သူတို့က လမ်းပြအဖြစ်ခေါ်တယ်။ ဆိုတော့ သုံးယောက်မှာ တယောက်သေတယ်။ နှစ်ယောက်ဒဏ်ရာရ တယ်။ အတင်းခေါ်သွားတာ လို့ ပြောတယ်။”

အသက် (၆၉) နှစ်ရှိနေပြီဖြစ်တဲ့ ဦးကြာထွန်းအောင်ကတော့ အခင်းဖြစ်တဲ့ နေရာမှာပဲ သေဆုံးသွားပြီး ဦးစနေအောင်ကတော့ ပြင်းထန်းဒဏ်ရာ၊ ဦးမောင်သိန်းကျော်မှာ ဒဏ်ရာ အနည်းငယ်တို့ ရရှိသွားတာကြောင့် စစ်တွေနဲ့ မြောက်ဦးဆေးရုံတွေကို ပို့ဆောင်ထားပါတယ်။

လမ်းပြအဖြစ်ခေါ်ဆောင်သွားပေမယ့် ဘယ်စစ်ကြောင်းက ခေါ်တယ်ဆိုတာကိုတော့ မသိရဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီစစ်ကြောင်းက သေဆုံးသွားသူကို ငွေကျပ် ၂ သိန်း၊ ဒဏ်ရာရသူ ကို ကျပ် ၁ သိန်းပေးအပ်ခဲ့ကြောင်း သိရတဲ့အတွက် အရပ်သားတွေကို အသုံးချပြီး လူ့အသက်ကို ငွေနဲ့ပေါက်နေတာဟာ တရားနည်းလမ်းမကျဘူးလို့ လွှတ်တော် အမတ် ဦးထွန်းသာစိန်က ပြောပါတယ်။

မြောက်ဦးမှာ ပြီးခဲ့တဲ့ ရပ်ပိုင်းကလည်း ထင်းသွားခွေတဲ့ ရွာသားသုံးဦး မိုင်းနင်းမိတာ ကြောင့် ပေါက်ကွဲသွားပြီး တဦး သေဆုံးသွားသလို နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းက အရပ်သားတွေ မိုင်းထိသေဆုံးတာ၊ ပျောက်ဆုံး တွေလည်း မကြာမကြာဖြစ်ပေါ်လာပါတယ်။

အခုကိစ္စနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို အကြိမ်ကြိမ် တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013