Home
မြန်မာသတင်း
မိုးထိမိုးမိရွှေတွင်းကိစ္စ စာချုပ်ဖောက်ဖျက်မှုကြောင့်ဖြစ်သည့် ပြဿနာဟု ၀န်ကြီးဌာနရှင်းလင်း
အောင်ကိုကိုလတ် (နေပြည်တော်)
·
March 13, 2019
မိုးထိမိုးမိရွှေလုပ်ကွက်ကိစ္စဟာ စာချုပ်ကို ဖောက်ဖျက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာသာဖြစ်တယ်လို့  သယံဇာတနဲ့ သဘောဝပတ်ဝန်းကျင်းထိန်းသိမ်းရေး ၀န်ကြီးဌာနက ရှင်းလင်းပြောကြားလိုက်ပါတယ်။ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မိုးထိမိုးမိ ဒေသမှာရှိတဲ့ အမျိုးသား ကြီးပွား တိုးတက်ရေးကုမ္ပဏီလုပ်ကွက် အမှတ် A နဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့ မတ်လ ၁၂ ရက်က နေပြည်တော်ရှိ သယံဇာတနဲ့ သဘောဝပတ်ဝန်းကျင်းထိန်းသိမ်းရေးဝန်ကြီးဌာနရုံးမှာ ၀န်ကြီးဌာနရဲ့ တာဝန်ရှိသူတွေက သတင်းစာရှင်လင်းပွဲကျင်းပ  ပြောကြားခဲ့တာပါ။ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးဦးသံဒိုင်က “ကျနော်တို့ဘက်က လည်း ဒီစာချုပ်ထဲမှာပါတဲ့ အချက်တွေကတော့ ကျနော်တို့ရဲ့ ရှေ့နေပေါ့ ပြည်ထောင်စုရှေ့ချုပ်ဆီ ကနေ အကြံဉာဏ်တောင်းပါတယ်။ ဒီကိစ္စသည် စာချုပ်အငြင်းပွားခြင်း မဟုတ်ပါဘူး။ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖောက်ဖျက်တာဖြစ်တယ်”လို့ ပြောတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဥပဒေနဲ့ အညီ စစ်ဆေးဆောင်ရွက်နေတယ်လို့ လည်း ပြောပါတယ်။ မိုးထိမိုးမိ လုပ်ကွက် A မှာ သတ္တုတူးဖော်ခွင့်ကို  ၂၀၁၁ ခုနှစ်မှာ ကုမ္ပဏီက တင်ဒါ အောင်မြင်ခဲ့ပြီး နိုင်ငံတော်ကို ၅ နှစ်အတွင်း ပုဒ်ဖြတ်ရွှေစင် ၅ ဒသမ ၅၇၇ မတ်ထရစ်တန် (ပိသာချိန် ၃၄၁၅ ဒသမ ၃၂၇ ပိဿာ) နဲ့ အဆိုပြုငွေ ကျပ် သန်း ၁၀၀ ပေးသွင်းမယ်ဆိုပြီး သဘောတူစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပေးသွင်းရမည့်ရွှေစင်တွေကို ကုမ္ပဏီက ကျေပွန်စွာ မပေးသွင်းခဲ့လို့ သတ္တုတွင်းဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ စာချုပ်ရပ်စဲခဲ့သလို ခွင့်ပြုမိန့်ပယ်ဖျက်ပြီး နောက်ပိုင်း မှာလည်း ကုမ္ပဏီက ရွှေသန့်စင်ထုတ်လုပ်လုပ်ငန်းတွေ ဆက်လုပ်ခဲ့လို့ မြန်မာ့သတ္တုတွင်းဥပဒေနဲ့ အမှုဖွင့်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024