DVB Logo
Home
မေးမြန်းခန်း
ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်းမှာ မုန်တိုင်းငယ်တခု စတင်ဖြစ်ပွား
DVB
·
October 10, 2012
ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်းမှာ မုန်တိုင်းငယ်တခု စတင်ဖြစ်ပွား
Donate to DVB

ဘင်္ဂလားပင်လယ်အော်အရှေပိုင်းမှာ မုန်တိုင်းငယ်တခု စတင်ဖြစ်ပွားနေပြီး ဒီနေ့ မွန်းတည့်ကနေ နောက် ၃၆ နာရီအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကနေ ကုန်းတွင်းပိုင်း ၀င်ရောက်နိုင်တယ်လို့ မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

မုန်တိုင်းငယ်ဟာ သိပ်အားမကောင်းဘဲ လေတိုက်ခတ်မှုနှုန်း ၁ နာရီ မိုင်၄၀ - ၅၀ လောက်ပဲရှိနိုင်ပြီး၊ မုန်တိုင်းဒီရေ တက်နိုင်ခြင်း မရှိဘူးလို့လည်း ဦးထွန်းလွင်က ခန့်မှန်းပြောကြားပါတယ်။

မုန်တိုင်းငယ် အရှိန်ကြောင့် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်းအနောက်ပိုင်းနဲ့ ချင်းပြည်နယ် တောင်ပိုင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသတွေမှာ နေရာကွက်မိုးကြီးပြီး၊ ရုတ်တရက် မြေပြိုတာမျိုးတွေ ဖြစ်ပေါ်နိုင် တာ ကြောင့် အထူးသတိထားဖို့လည်း သူက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

မနှစ်က အခုလိုအချိန်မျိုးမှာ ဘင်္ဂလားပင်လယ်အော်မှာ အိုတူးဘီ မုန်တိုင်းငယ် ၀င်ရောက်ခဲ့ပြီး ပခုက္ကူဘက်မှာ ရုတ်တရက် ချောင်းရေမြင့်တက်ပြီး လူသေဆုံးမှု ဖြစ်ပွားခဲ့ဖူးပါတယ်။

ဦးထွန်းလွင်နဲ့ မြန်မာစံတော်ချိန် ၂နာရီခွဲခန့် ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013