DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ပိုများလာပေမယ့် အောင်ချက်နည်းနိုင်
DVB
·
March 13, 2019
ကယားပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ပိုများလာပေမယ့် အောင်ချက်နည်းနိုင်
Donate to DVB

ကယားပြည်နယ်မှာ အခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ အရေအတွက် တိုးပေမယ့် မေးခွန်းပုံစံအပြောင်းအလဲကြောင့်အောင်ချက်ကျဆင်းနိုင်တယ်လို့ ကယားပြည်နယ်ပညာရေးမှူးရုံး စီမံကိန်းကြီးကြပ်အကဲဖြတ်ဌာန ဒုညွန်ကြားရေးမှူး ဒေါ်အေမီအောင်က ဒီဗွီဘီကို ပြောပါတယ်။

ကယားပြည်နယ်အတွင်း လက်ရှိကျင်းပနေတဲ့ ၂၀၁၈-၁၉ ခုနှစ်ပညာသင်နှစ်အတွက်  တက္ကသိုလ်ဝင် စာမေးပွဲကို စာစစ်ဌာန ၁၉ ခုကနေ ကျောင်းသူ၊ ကျောင်းသားပေါင်း ၇၅၀၀ ကျော် စာမေးပွဲ ၀င်ရောက်ဖြေဆိုနေကြတာပါ။

၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ မေးခွန်ပုံစံအပြောင်းအလဲရှိတဲအတွက် ကယားပြည်နယ်အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စာမေးပွဲအစမ်းဖြေဆိုခဲ့ရာမှာ အောင်မြင်သူ လျော့ကျခဲ့တယ်လို့ ဒေါ်အေမီအောင်က ပြောပါတယ်။

“ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကျမတို့ pre-test စစ်ထားတာပေါ့နော်။ pre-test စစ်ထားတာကတောဖြင့် အောင်ချက် နည်းနည်းကျနေတာပေါ့နော်။ မေးခွန်းသစ်ရဲ့အခြေအနေ ကြောင့်လည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ”

ဒါကြောင့်အောင်ချက်ကောင်းအောင် တက္ကသိုလ်က ဆရာဆရာမတွေ ကွင်းဆင်းပြီး ကျောင်းသားတွေရော၊ ဆရာဆရာမတွေပါ မေးခွန်းရဲ့သဘောတရားနားလည်အောင် လိုက်လံ ရှင်းလင်းထားတာရှိသလို ကျောင်းသားတွေအချင်းချင်းပေါင်းပြီး စာအတူကျက်တာမျိုးတွေ လုပ်ပေးခဲ့တယ်လို့ပြောပါတယ်။

ကယားပြည်နယ် တခုလုံးအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၆၆၄၀ ကျော်ရှိခဲ့ပြီး ဒီနှစ်မှာတော့ ၇၅၆၆ ရှိတဲ့အတွက် စာမေးပွဲဖြေဆိုသူတိုးလာခဲ့ပါတယ်။

စာစစ်ဌာနတွေကတော့ လွိုင်ကော်မြို့နယ်မှာ ၁၀ ခု၊ ရှားတောမှာ ၁ခု၊ ဒီမော့ဆိုမြို့နယ်မှာ ၄ ခု ဖရူဆိုမြို့နယ် ၁ ခု၊ ဘောလခဲမှာ ၁ ခု၊ ဖားဆောင်းမြို့နယ်မှာ ၁ ခု၊ မယ်စဲမြို့နယ်မျာ ၁ ခုဖြစ်ပါတယ်။ စာမေးပွဲဖြေဆိုဖို့ စာရင်းပေးထားသူပေါင်း  ၇၇၉၁ ဦးရှိပြီး ၂၂၅ ဦးဖြေဆိုဖို့ ပျက်ကွက်ခဲ့တယ်လို့ ပြည်နယ်ပညာရေးမှူးရုံးကသိရပါတယ်။

ဒါ့အပြင် လွိုင်ကော်အကျဉ်းထောင်ကနေ စာမေးပွဲဖြေဆိုသူ ၄ ဦးရှိတယ်လို့ ဒုညွန်ကြားရေးမှူး ဒေါ်အေမီအောင်က ပြောပါတယ်။

   “ ဒီနှစ်ကတော့ စာဖြေသူဦးရေ ပိုပြီးတော့ တိုးလာတာရယ်၊ နောက်ပြီးတော့ အကျဉ်းထောင် ကနေပြီးတော့ ၄ ဦးလာဖြေတယ်။ ပြီးခဲ့တဲ့နှစ်က အကျဉ်းထောင်က ဖြေတဲ့သူမရှိပါဘူး။ ဒီနှစ်မှ ကျမတို့ ကယားပြည်နယ်မှာစပြီးတော့ အကျဉ်းထောင်ဖြေရှိတယ်။ ”

ကယားပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ အယောက် ၆၆၄၀ မှာ ၁၆၇၀ ယောက်အောင်မြင်ခဲ့လို့ အောင်ချက် ၂၅.၂၃ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

မြန်မာတနိုင်ငံလုံးမှာတော့  တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ လျှောက်လွှာ တင်သွင်ထားတဲ့ ကျောင်းသားကျောင်းသူဦးရေ ၈၉၀၀၀၀ ကျော်ရှိပြီး အဲဒီထဲက ၅၀၀၀၀ လောက် ပျက်ကွက်ခဲ့တယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013