DVB Logo
Home
မြန်မာသတင်း
ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးအမေရိကန်စစ်​သည်​ရုပ်​ကြွင်းများ ပြန်​လည်သယ်​​ဆောင်
DVB
·
March 13, 2019
ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးအမေရိကန်စစ်​သည်​ရုပ်​ကြွင်းများ ပြန်​လည်သယ်​​ဆောင်
1 / 13
Donate to DVB

ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာပြည်မှာ ကျဆုံးခဲ့တဲ့ အမေရိကန်စစ်သည်တွေ ရဲ့ ရုပ်ကြွင်းတွေကို အမေရိကန်နိုင်ငံကို ပြန်လည်သယ်ဆောင်တဲ့ အခမ်းအနား မတ်လ ၁၂ ရက် ညနေက မန္တလေးအပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။

အ​မေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ကြောင်းရှာဖွေမှတ်တမ်းတင်ရေးအေဂျင်စီ (ဒီပီ​အေ​အေ)ရဲ့အစီအစဉ်နဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးဒေသတ၀ိုက်မှာမကြာသေးခင်က ရှာဖွေတွေ့ရှိခဲ့တဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့တဲ့ အမေရိကန် စစ်သည်တွေ ဖြစ်နိုင်ခြေရှိတဲ့သူ​တွေရဲ့ ရုပ်ကြွင်း​တွေ​ကို ပြန်လည် သယ်ယူခဲ့တာဖြစ်ပါတယ်။

ဒီရုပ်ကြွင်း​တွေဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖြစ်နိုင်ခြေရှိတာ​တွေကို ဆက်လက်ခွဲခြမ်း စိတ်ဖြာ ရှာဖွေဖော်ထုတ်ဖို့  အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီရှိ ဒီပီ​အေ​အေ ဓာတ်ခွဲခန်းကို ဆက်လက်​ ပို့ဆောင်သွားမှာလည်းဖြစ်​ပါတယ်​။

ကျနော်တို့နိုင်ငံအတွက် တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တဲ့ အမေရိကန်နိုင်ငံသားတွေ အဖြစ် ဖြစ်နိုင်ခြေရှိတဲ့ ရုပ်ကြွင်းတွေကို ဒီကနေ့ ကျနော်တို့  ပြန်လည် သယ်ယူပို့ဆောင်တာလို့ အမေရိကန်သံအမတ်ကြီး စတော့မာစီရယ်က ပြောပါတယ်။

“အ​မေရိကန်​ရဲ့ ကျဆုံးစစ်​သည်​​တွေအကြောင်းကို ထာဝရအမှတ်ရဂုဏ်ပြုနေဖို့၊ သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို ဘယ်တော့မှ မမေ့မလျော့ ငြိမ်းချမ်း၊ တရားမျှတမှုရှိပြီး နေရာတိုင်းမှာ လွတ်လပ်မှုရှိတဲ့ နိုင်ငံတနိုင်ငံအဖြစ် တည်ဆောက်ကြိုးပမ်း အားထုတ်ရေးအတွက် သူတို့ကို ပေးဆပ်ဖို့ ကျနော်တို့မှာတာဝန်ရှိနေပါတယ်။”

ဒီရုပ်ကြွင်းတွေဟာ ၁၉၄၄ ခုနှစ် ဖေဖော်ဝါရီက စစ်သည် ၇ ဦးလိုက်ပါသွားခဲ့တဲ့  ဘီ- ၂၅ လေယာဉ်နဲ့ ဆက်စပ်နေမယ်​လို့ယုံကြည်ရတယ်လို့ ဆိုပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ  ကျန်ရစ်ပျောက်ဆုံးခဲ့ကာ ရှာဖွေမတွေ့သေးတဲ့ အမေရိကန်စစ်သည် ၆၃၂ ဦး ရှိမယ်လို့ ခန့်မှန်းပါတယ်။ ဒီပီအေအေအနေနဲ့  မြန်မာနိုင်ငံမှာ ၂၀၀၃-၂၀၀၄ ခုနှစ်တွေမှာ ရှာဖွေရေးအစီအစဉ် သုံးကြိမ် ပြုလုပ်ခဲ့ပြီး ၂၀၁၃ နဲ့ ၂၀၁၉ မှာ ၇ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်​အတွင်း ကျဆုံးခဲ့တဲ့ အမေရိကန်​စစ်​သည်​တွေရဲ့ ရုပ်​ကြွင်းတွေကို အ​မေရိကန်နိုင်​ငံကို ပထမဆုံးအကြိမ် ပြန်​လည်​သယ်​​ဆောင်​တဲ့အခမ်းအနားကို အ​မေရိကန်​သံရုံး တာဝန်​ရှိသူတွေနဲ့ မန္တ​လေး​ဒေသကြီး အစိုးရအဖွဲ့က ရှမ်းတိုင်းရင်းသား​ရေးရာဝန်ကြီး ဦးစန်းပန်းဆိုင်​တို့ တက်​​ရောက်​ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013