DVB Logo
Home
Lead Story
ဟဲလေးသီချင်းနဲ့ မြစ်ကြီးနားတက္ကသိုလ်ကျောင်းသူယိမ်းသမလေးရဲ့ ကကွက်(ရုပ်သံ)
DVB
·
March 13, 2019
ဟဲလေးသီချင်းနဲ့ မြစ်ကြီးနားတက္ကသိုလ်ကျောင်းသူယိမ်းသမလေးရဲ့ ကကွက်(ရုပ်သံ)
Donate to DVB

“မင်းလေးက မှည့်… သိပ်သိပ်မှည့်… မင်းအချစ်က ငါ့အတွက်တော့ စားလို့ ကောင်းတဲ့ ဒူးရင်းသီး”
ဒါကိုကြားလိုက်တာနဲ့ ပရိသတ်တွေက တေးသံရှင် ဟဲလေးရဲ့ နာမည်ကြီးသီချင်း တပုဒ်ဖြစ်တဲ့ မှည့်သီချင်းထဲက စာသားတွေမှန်း သိကြမှာပါ။

ဒီတခါမှာတော့ တေးသံရှင်ဟဲလေးရဲ့ သီဆိုဖျော်ဖြေမှုနဲ့အတူ အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ မြစ်ကြီးနားတက္ကသိုလ် ယိမ်းသမလေးရဲ့ အလန်းစားကကွက်တွေနဲ့ ပ ရိသတ်တွေက ရှုစားနိုင်မှာ ဖြစ်ပါတယ်။

မကြာခင် ကျရောက်တော့မယ့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို ကြိုဆိုတဲ့ အနေနဲ့ နိုင်ငံတ၀ှမ်းက တက္ကသိုလ်တွေမှာ အဆိုတော်တွေကို ဖိတ်ကြားပြီး ကျင်းပနေကြတာ ဖြစ်ပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဟဲလေးရဲ့ မှည့်သီချင်းနဲ့ မြစ်ကြီးနားတက္ကသိုလ် ဖျော်ဖြေရေးစင်မြင့်ပေါ်မှာ သီဆိုနေခဲ့တာကိုတွေ့ရပြီး ကျောင်းသူယိမ်းသမလေးတွေ ကလည်း ကခုန်ပျော်မြူးနေခဲ့ကြတာကို တွေ့ရပါတယ်။

ကျောင်းသူတွေထဲက တဦးကတော့ ဟဲလေးရဲ့ မှည့်သီချင်းနဲ့အတူ တခြားယိမ်း သမလေးတွေထက် ပေါ်လွင်စွာ အလန်းစား ကပြပြီး ဖျော်ဖြေခဲ့တာကို မှတ်တမ်းတင် ထားခဲ့တာဖြစ်ပြီး ဟဲလေးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှတဆင့် ခုလိုရေးသားပြီး မျှဝေ ထားခဲ့တာ ဖြစ်ပါတယ်။

“မြစ်ကြီးနားတက္ကသိုလ်ကျောင်းသူယိမ်းသမလေးရဲ့.. မှည့်ချက်တွေကို… ခဏ လေးဖြစ်ဖြစ်..ဝင်ရှိုးကြည့်လိုက်👏👍👍👍👏👏👏😍😍😍”
လတ်တလောမှာတော့ ဟဲလေးနဲ့ တက္ကသိုလ်ယိမ်းသမလေးတွေရဲ့ ဖျော်ဖြေမှု သီချင်းရုပ်သံဗွီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာတော့ နာမည်ကြီးနေခဲ့ပြီး တရက်အတွင်း ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၅ သိန်းနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။

“သွားမထိနဲ့နော်။ Shock တက်လိမ့်မယ် တို့အစ်ကိုကြီး။ ပုရိသတွေ မင်းမှမင်းပဲ ဖြစ်နေပြီ။ သွားမထိနဲ့နော် ဓာတ်လိုက်လိမ့်မယ် တို့အစ်ကိုကြီး။ ပုရိသတွေ သည်း သည်းမည်းမည်း ဖြစ်ကုန်ပြီ……. မင်းလေးက မှည့်… သိပ်သိပ်မှည့်… မင်းအချစ်က ငါ့အ တွက်တော့ စားလို့ကောင်းတဲ့ ဒူးရင်းသီး”
မြူးကြွတဲ့ အလန်းစား သီချင်းစာသားတွေနဲ့ ဒီသီချင်းဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ထွက်ရှိထားခဲ့တာဖြစ်ပြီး ပရိသတ်အားပေးမှုရရှိခဲ့တဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013