DVB Logo
Home
မြန်မာသတင်း
တိုင်းနှင့်ပြည်နယ်အစား ပြည်နယ်များအဖြစ်တပြေးညီသတ်မှတ်ခေါ်ဆိုရန် အကြံပြု
DVB
·
March 13, 2019
တိုင်းနှင့်ပြည်နယ်အစား ပြည်နယ်များအဖြစ်တပြေးညီသတ်မှတ်ခေါ်ဆိုရန် အကြံပြု
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မယ့်အထဲမှာ  တိုင်းနဲ့ ပြည်နယ်သတ်မှတ်ချက်အစား ပြည်နယ်တွေအဖြစ် အားလုံးတပြေးညီ သတ်မှတ်ခေါ်ဆိုဖို့  တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေက ဆွေးနွေးအကြံပြုလိုက်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဦးဆောင်မယ့် ပူးပေါင်းကော်မတီအစည်းအဝေးကို မတ်လ ၁၂ ရက်မွန်းလွဲပိုင်းက ပြည်ထောင်စုလွှတ်တော် အဆောက်အအုံ ဒုတိယထပ် အစည်းအဝေးခန်းမမှာ ၅ ကြိမ်မြောက်ကျင်းပရာမှာ  တင်ပြခဲ့တာပါ။

ဒီအစည်းအဝေးမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၂ ပါ ဥပဒေအားလုံးကို လေ့လာစိစစ်ပြီး ပြင်ဆင်လိုတဲ့အချက်တွေကို စိစစ်အတည်ပြုတာတွေလုပ်ဆောင်ခဲ့တယ်လို့ ကော်မတီအဖွဲ့ဝင်တွေက ဆိုပါတယ်။

ပြင်ဆင်လိုတဲ့ တင်ပြချက်တွေထဲမှာတော့ ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲခွင့်ကို ပြည်နယ်အတွင်း မှာရှိတဲ့ လူထုရဲ့ သဘောထားအတိုင်းရေးဆွဲခွင့်ရှိရေး၊ ပြည်ထောင်စုလွှတ်တော်အစား လွှတ်တော်နှစ်ရပ် ပူးပေါင်းအစည်းအဝေးအဖြစ် ပြင်ဆင်ကျင်းပရေး၊ လက်ရှိခေါ်ဝေါ်သုံးစွဲနေတဲ့ တိုင်းနယ်ပြည်နယ်သတ်မှတ်ချက်အစား ပြည်နယ်အဖြစ် အားလုံးတပြေးညီ သတ်မှတ်ခေါ်ဆိုရေး စတဲ့ ပြင်ဆင်ချက်တွေပါဝင်ခဲ့ပြီး လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ဖို့ မှတ်တမ်းတင်ထားတယ်လို့ ကော်မတီအဖွဲ့ဝင် ဦးအောင်ကျော်ဇံက ပြောပါတယ်။

“အခြေခံမူထဲမှာ ပါမသွားတဲ့ ပြည်နယ်ဖွဲ့စည်းပုံတွေကို ပြည်နယ်လူထုရဲ့ သဘောဆန္ဒနဲ့ အညီရေးဆွဲခွင့်ရှိရမယ်ဆိုတဲ့အချက် ထည့်လိုက်ရတယ်။ ဖြည့်စွက်ချက်ဆိုပြီးတော့။ အမှန်က အခန်း ၁ ကဟာပဲ။ ကျနော်တို့ကတော့ ပြည်ထောင်စုလွှတ်တော် မဟုတ်ဘဲ ပြည်ထောင်စု လွှတ်တော်အစား လွှတ်တော် ၂ ရပ် ပူးပေါင်းအစည်းအဝေးဆိုပြီးသုံးဖို့ပေါ့။ အခြားသူတွေ ကတော့ ဒီအတိုင်းဘဲ။ အခုက ပြည်နယ် ၇ ပြည်နယ်၊ တိုင်း ၇ ခု စုစုပေါင်း ၁၄ ခုပေါ့။ ပြန်ဖွဲ့စည်းလိုက်တဲ့အခါမှာကြ ပြည်နယ်ပဲရှိတော့တယ်။ အရေအတွက်ကိုပြောတာ မဟုတ်ဘူး နော်။ နာမည်ကိုပြောတာ။ အားလုံးပြည်နယ်ဘဲ။ ၁၄ ပြည်နယ်ဖြစ်ရင်ဖြစ်မယ်။ ၁၃ ပြည်နယ် ဖြစ်ရင်ဖြစ်မယ်။ အရေအတွက်က အသေးစိတ်မပြောဘူး။ နဲနဲကွာတာရှိချင်ရှိမယ်” လို့ ဦးအောင်ကျော်ဇံက ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၂ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံအပိုင်းမှာတော့ ပုဒ်မပေါင်း ၈ ခုအထိရှိခဲ့တာဖြစ်ပြီး ပြင်ဆင်ချက်တွေကိုတော့ တိုင်းရင်းသားပါတီအများစုကသာ တင်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။

ပူးပေါင်းကော်မတီအဖွဲဝင် နေရာအများစုရယူထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီအနေနဲ့ အခြေခံဥပဒေ အခန်း ၂ တစ်ခုလုံးကို မူလအတိုင်း ထားရှိဖို့ သဘောတူညီနိုင်တဲ့အတွက် ပြင်ဆင်ချက် တင်သွင်းတာမျိုး မလုပ်ဆောင်ခဲ့ဘဲ ပူးပေါင်းဆွေးနွေး အတည်ပြုတဲ့အနေအထားနဲ့သာ ပါဝင်ခဲ့တယ်လို့ အန်အယ်လ်ဒီ ပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဦးဆောင်မယ့် ပူးပေါင်းကော်မတီကိုတော့ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန်က ဥက္ကဋ္ဌ တာဝန်ယူက ၄၅ ဦးပါဝင်တဲ့ အဖွဲ့အဖြစ်ဖွဲ့စည်းထားတာပါ။

ကော်မတီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တခုလုံးကို လေ့လာစိစစ်ပြီး လွှတ်တော်သို့ အစီရင်ခံစာတင်သွင်းတာ၊ ပြင်ဆင်မယ့် ဥပဒေတင်သွင်းတာတွေကို ၅ လအတွင်း အပြီးဆောင်ရွက်ရမှာပါ။

လက်ရှိအချိန်ထိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း ၁ နိုင်ငံတော် အခြေခံမူများအပိုင်းမှာ ပါဝင်တဲ့ ပုဒ်မ ၄၈ ခုနဲ့ အခန်း ၂ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ အပိုင်းမှာ ပါဝင်တဲ့ ပုဒ်မ ၈ ခု တို့ကိုဆွေးနွေးပြီး ပြင်ဆင်လိုတဲ့အချက်တွေကို စနစ်တကျစုစည်း အတည်ပြုထားပြီးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013