DVB Logo
Home
Lead Story
ထိုင်းနှင့် မြန်မာ ၂နိုင်ငံစလုံးတွင် The Voice ပြိုင်ပွဲဝင်ခဲ့သည် ထူးခြားအသံပိုင်ရှင် Paul Austin(ရုပ်သံ)
DVB
·
March 13, 2019
ထိုင်းနှင့် မြန်မာ ၂နိုင်ငံစလုံးတွင် The Voice ပြိုင်ပွဲဝင်ခဲ့သည် ထူးခြားအသံပိုင်ရှင် Paul Austin(ရုပ်သံ)
Donate to DVB

တတိယမြောက် သီတင်းပတ်အဖြစ် ကျင်းပခဲ့တဲ့ The Voice Myanmar သီချင်း ဆိုပြိုင်ပွဲမှာ ပြိုင်ပွဲဝင် Paul Austin က အသံပါဝါအားကောင်းကောင်းနဲ့သီဆိုပြခဲပြီး သူ့ရဲ့ ယှဉ်ပြိုင်ပုံဟာ နောက်လှည့်ထိုင်နေကြတဲ့ Coach တွေအားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။

လားရှိုးမြို့ဇာတိ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Paul Austin ဟာ လတ်တ လောမှာတော့ ဘန်ကောက်မှာ အလုပ်လုပ်နေတာဖြစ်ပြီး ဒီပြိုင်ပွဲမှာ နာမည်ကြီး အဆိုတော် Adele ရဲ့ When We Were Young သီချင်းနဲ့ ယှဉ်ပြိုင်သွားခဲ့တာ ဖြစ်ပါတယ်။

အဆိုတော် Adele သီဆိုလေ့ရှိတဲ့ သီချင်းတွေရဲ့ ထုံးစံအတိုင်း ခက်ခဲတဲ့ ဆိုပေါက်၊ ဆိုဟန်တွေနဲ့ ဒီသီချင်းကို ခံစားမှုပါပါနဲ့ သီဆိုခဲ့လို့ Coach တွေထဲက တဦးဖြစ်တဲ့ နီနီခင်ဇော်ကို မျက်ရည်ဝဲစေတဲ့အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

စတင်သီဆိုပြီး အချိန်တမိနစ်မပြည့်ခင်မှာပဲ ကျားပေါက်နဲ့ ရန်ရန်ချန်းတို့က လှည့် ကြည့်ခဲ့ကြပြီး အဲဒီနောက်မှာတော့ သီချင်းကို အမြင့်ဆုံး Tempo နဲ့ သီဆိုလိုက်ချိန်မှာ တော့ R.ဇာနည်၊ နီနီခင်ဇော်တို့ကလည်း လှည့်ကြည့်ခဲ့ကြတာမို့ Coach တွေအားလုံးကို ဆွဲဆောင်နိုင်ခဲ့သူတဦး ဖြစ်သွားခဲ့တာပါ။
အဆိုတော် R.ဇာနည်က သီချင်းအပြီးမှာ “တော်တော်လေး မိုက်တယ်”လို့ ချီး ကျူးစကားပြောဆိုခဲ့တာကို တွေ့ရပါတယ်။

Coach တွေနဲ့ အင်တာဗျူးမှာတော့ Paul Austin က The Voice Thailand မှာ လည်း ကြိုးစားယှဉ်ပြိုင်ခဲ့ဖူးပြီး ဘာသာစကားအခက်အခဲကြောင့် လတ်တလော မြန်မာပြည်ကို ပြိုင်ပွဲဝင်ရောက်လာတော့မှ ပါဝင်ဖြစ်ခဲ့တယ်လို့ ဖြေခဲ့တာပါ။

နီနီခင်ဇော်ကတော့ ဒီသီချင်းကို ခံစားမှုအားကောင်းကောင်းနဲ့ သီဆိုသွားခဲ့တဲ့ သူ့ရဲ့ သီဆိုမှုမှာ မျက်ရည်ဝဲခဲ့ရတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ ပြောခဲ့တာကို တွေ့ရပါတယ်။

အဲဒီနောက်တော့ Blind Audition ရဲ့ ထုံးစံအတိုင်း လှည့်ကြည့်တဲ့ Coach တွေ ထဲက တဦးကို ရွေးချယ်ရတာဖြစ်ပြီး Paul Austin ကတော့ R.ဇာနည်ကို ရွေးချယ်ခဲ့ ပါတယ်။
မနှစ်က စတင်ပြီး မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ The Voice Myanmar သီချင်းဆို ပြိုင်ပွဲဟာ ပရိသတ်စိတ်ဝင်စားအားပေးမှု များခဲ့ပြီး နိုင်ငံတကာမှာလည်း ပရိသတ်သန်းချီ ရှိနေတဲ့ The Voice သီချင်းဆိုပြိုင်ပွဲရဲ့ တရားဝင်အသိအမှတ်ပြုမှုနဲ့ ကျင်းပနေတာပါ။

ဒီပြိုင်ပွဲမှာတော့ Blind Auditions, Battle Rounds, Knock Out Rounds နဲ့ နောက်ဆုံးအဆင့် Live Shows ဆိုပြီး အပိုင်းလေးပိုင်းခွဲကာ အကြိတ်အနယ်ယှဉ်ပြိုင်ကြ ရတာ ဖြစ်ပါတယ်။

မနှစ်က ကျင်းပပြုလုပ်ခဲ့တဲ့ Season 1 မှာတော့ Coach လင်းလင်းရဲ့ အဖွဲ့မှ ပြိုင်ပွဲဝင် ငွေစိုးက Winner ဆုကို ရရှိခဲ့ပါတယ်။
ခုလက်ရှိကျင်းပနေတဲ့ Blind Audition ပြိုင်ပွဲကို ကျင်းပခဲ့တာ သီတင်းပတ် ၃ ပတ် ရှိလာခဲ့ပြီဖြစ်ကာ အဆိုစွမ်းရည်ပြသနိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများအပြား ပါဝင်ခဲ့တာကို တွေ့ရပါတယ်။

ပထမသီတင်းပတ်မှာ မက်တယ်လ် အကြမ်းစားသီချင်းတပုဒ်သီဆိုရင်း ပရိသတ် အားပေး မှုရရှိထားတဲ့ နိုဗန်ထူး၊ အင်္ဂလိပ်သီချင်းတပုဒ်ကို အကောင်းဆုံး သီဆိုပြသွားနိုင်တဲ့ တယောဆရာမလေးခိုင်၊ ထူးခြားတဲ့ အမြွှာပြိုင်ပွဲဝင် ၂ ဦးဖြစ်တဲ့ Twins Star၊ တခြား ပြိုင်ပွဲဝင်တွေဖြစ်ကြတဲ့ A ဒေး၊ ခွန်းဝတီပြည့်၊ ဒုတိယပတ်မှာ အစွမ်းပြ သီဆိုနိုင်သူ ပန်ပန်ကြေးမုံ၊ တာတာ၊ ညိုမီမီထွန်း၊ ဇေရဲပိုင်တိုနဲ့ အတူ ခုကျင်းပပြီးစီးခဲ့တဲ့ တတိယ သီတင်းပတ်မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ Hazel ၊ ရတီ၊ Solomon King တို့ဟာလည်း ထူးခြား တဲ့ ပြိုင်ပွဲဝင်တွေ ဖြစ်တာမို့ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013