DVB Logo
Home
မြန်မာသတင်း
အာဆီယံကိုယ်စားလှယ်အဖွဲ့ မောင်တောဒေသခံများနှင့်တွေ့ဆုံ
DVB
·
March 12, 2019
အာဆီယံကိုယ်စားလှယ်အဖွဲ့ မောင်တောဒေသခံများနှင့်တွေ့ဆုံ
Donate to DVB

အာဆီယံအတွင်းရေးမှူးချုပ်ရုံး AHACenter နဲ့ အာဆီယံဒေသတွင်း နိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေး အဖွဲ့ဟာ မောင်တောဒေသမှာရှိတဲ့ ရခိုင်၊ ဘင်္ဂါလီနဲ့ ဟိန္ဒူတွေနဲ့  ၃ ရက်ကြာ တွေ့ဆုံခဲ့ပါတယ်။

မတ်လ ၇ ရက်ကနေ ၁၁ ရက်အထိ မောင်တောဒေသမှာရှိတဲ့ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး ကုန်ဈေးနှုန်း၊ ကျန်းမာရေး၊ သောက်ရေရရှိမှုနဲ့ ပြန်လည်လက်ခံရေးကိစ္စရပ်တွေ လေ့လာခဲ့တာပါ။

မောင်တောဒေသရှိ ရခိုင်တိုင်းရင်းသားတွေကတော့ စီးပွားရေးအဆင်မပြေလို့ ကလေးငယ် ကျောင်းမထားနိုင်တဲ့အကြောင်း တင်ပြခဲ့တယ်လို့ ပြောပါတယ်။

ရခိုင်ဒေသခံတဦးက “ကျမတို့ရွာက တံငါရွာဖြစ်ပါတယ်။ မြစ်ကို မှီခိုပြီးတော အသက်မွေးရတာပါ။ မြစ်ကို မသွားရရင်၊ ငါးပုစွန်ရမယ့်အချိန် ထွက်ရှာခွင့်မရင် စီးပွားရေး လုံးဝမပြေလည်ပါ။ အခု ပညာသင်နေတဲ့ သားသမီးတွေ ၉ တန်း တဦး ၁၀ တန်းဦးရှိတယ်။ ဘယ်လိုလုပ် ပညာသင် နိုင်မှာလဲ”လို့ ပြောပါတယ်။

ဘင်္ဂါလီနဲ့ ဟိန္ဒူဒေသခံတွေကတော့ စားဝတ်နေရေးပြေလည်ဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့်ရဖို့ လိုအပ်ချက်ရှိတယ်လို့ ပြောပါတယ်။

ဟိန္ဒူအမျိုးသမီးတဦးက “စားဝတ်နေရေး ဘာတွေအခက်အခဲရှိလဲ ကျန်းမာရေး စောင့်ရှောက်မှုရှိလား မေးပါတယ်။ ကျမတို့က ငွေကြေးမတတ်နိုင်လို့ စစ်တွေ ရန်ကုန်တွေကို ဆေးကုဖို့ မသွားနိုင်ပါဘူး။”

မွတ်ဆလင်လူကြီး အန်နာအုလ္လာကလည်း “သူတို့မေးတာက ဘယ်လို လုပ်ကိုင် စားသောက်ကြသလဲ၊ သားသမီးတွေက ဘယ်ကိုသွားနေကြလဲ မေးပါတယ်။ ကျနော်တို့မှာ အခု ဆိုင်ဖွင့်တယ်၊ သားသမီးတွေက ကားမောင်းတယ်လို့ ဖြေကြားခဲ့တယ်။ အခက်အခဲတွေကတော့ မြစ်/ချောင်းကို သွားပြီး ငါးရှာလို့မရ စပါးစိုက်ပျိုးလို့ မရဘူး။ အလုပ်သမားတွေမရှိဘူး။ လို့ဖြေကြားခဲ့တယ် ဆေးခန်းရှိလား မေးတယ် ဆေးခန်းကရှိပါတယ်။ မောင်တောဆေးရုံကိုလည်း သွားပြနိုင်ပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။

အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ဟာ လှဖိုးခေါင်ကြားစခန်းကို လေ့လာခဲ့သလို လှဖိုးခေါင်သဲချောင်းကျေးရွာနဲ့ ကြိမ်ချောင်းတောင်ရွာမှာရှိတဲ့ စံပြကျေးရွာ တည်ဆောက်နေမှုတွေကို သွားရောက်လေ့လာခဲ့ကြပါတယ်။

မောင်တောမြို့မဈေးမှာရှိတဲ့ ဘင်္ဂလီလူမျိုးတွေ လွတ်လပ်စွာရောင်းဝယ်ဖောက်ကားတာကို လေ့လာခဲ့တဲ့အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ ပြန်လည်ဝင်ရောက်လာတဲ့ မိသားစု ၂ စုနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အာဆီယံအရေးပေါ်တုံ့ပြန်ရေးနဲ့ ဆန်းစစ်လေ့လာရေးအဖွဲ့မှာ အာဆီယံနိုင်ငံ ၁၀ နိုင်ငံက ကိုယ်စားလှယ်တွေ ပါဝင်ကြပါတယ်။

သတင်း - ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
အာဆီယံကိုယ်စားလှယ်အဖွဲ့ မောင်တောဒေသခံများနှင့်တွေ့ဆုံ