DVB Logo
Home
မြန်မာသတင်း
စလင်းရေလှောင်တမံ ရေပိုလွှဲကြမ်းခင်း ထပ်မံပြိုကျ
DVB
·
March 12, 2019
စလင်းရေလှောင်တမံ ရေပိုလွှဲကြမ်းခင်း ထပ်မံပြိုကျ
Donate to DVB

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ စလင်းရေလှောင်တမံ ပင်မရေပိုလွှဲကြမ်းခင်းအောက်ခြေ ပျက်စီးနေရာကနေ ကြမ်းခင်းတချို့ ထပ်မံပြိုခဲ့တယ်လို့ ရေလှောင်တမံအနီး နေထိုင်တဲ့ ဒေသခံ တွေက ပြောပါတယ်။

၂၀၁၈ သြဂုတ်လမှ စက်တင်ဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် ရေလှောင်တမံ သံကူကွန်ကရစ် ရေပိုလွှဲအကျယ် ၄၀၀ ပေအကျယ်ရှိရာက မနေ့ မွန်းလွဲပိုင်းက အောက်ခြေကြမ်းခင်း ပေ ၃၀၀ ကျော် ရေတိုက်စားပျက်စီးခဲ့တဲ့နေရာကနေ ထပ်မံပြိုကျခဲ့တာပါ။

စလင်းမြို့နယ်၊ ရေတမာကျေးရွာဒေသခံဦးခင်မောင်စိုးက “အစွန်းလေး ထွက်နေတဲ့ ညာဖက်အခြမ်းကနေပြီး အချပ်လိုက်ပြိုကျတာ။ မှေးတင်သလိုဖြစ်နေတဲ့ဟာကနေ ပြိုကျသွားတာ။ ဒီနေ့ သူတို့ရှင်းနေကျတယ်”လို့ ပြောပါတယ်။

ရေလှောင်တမံရဲ့ရေပိုလွဲကနေ သံကူကွန်ကရစ်ကြမ်းခင်ပျက်စီးနေတာကို အကြီးစား ပြန်လည် ပြင်ဆင်မှု ၃ ကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။

အခုပြိုကျပျက်စီးခဲ့တဲနေရာကို တာဝန်ရှိတဲ့သူတွေအနေနဲ့ သေသေချာချာကြီးကြပ်ပြီး အဆင့်အတန်းမီမီ စနစ်တကျလုပ်ဖို့နဲ့ ပြီးခဲ့တဲ့ပြင်ဆင်မှုတွေလို မြေပြင်ပေါ်ကွန်ကရစ်လောင်းတဲ့ ပုံစံမျိုးလုပ်သွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

အဆိုပါရေလှောင်တမံကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် က ကျပ်သန်းပေါင်း ၂၉၀၀ အကုန်အကျခံကာ ၁၉၉၈ အောက်တိုဘာမှာ စတင်တည်ဆောက်တာဖြစ်ပြီး ၂၀၀၁ ခုနှစ် သြဂုတ်လမှာ ဖွင့်လှစ်ခဲ့တာပါ။

ရေလှောင်တမံကိုစလင်းချောင်းပေါ်မှာ မြေသားတမံအမျိုးအစား တည်ဆောက်ထားတာ ဖြစ်ပြီး ကန်ရေပြည့်ရေလှောင်ပမာဏ ၁၃၀၀၀၀  ဧကကျော်၊ ကန်ရေသေ ရေလှောင် ပမာဏ ဧက ၃၀၀၀၀ ကျော်၊ သံကူကွန်ကရစ်၊ ရေပိုလွှဲအကျယ် ၄၀၀ ပေ၊ ဆည်ရေသောက် ဧရိယာ ၃၃၀၀ ဧကဖြစ်ပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013