DVB Logo
Home
မြန်မာသတင်း
သာသနာ့အလံကို ဆန္ဒပြပွဲများတွင် သုံးစွဲမှု ကြီးကြပ်ပေးရန်  သံဃနာယကကို လျှောက်ထား
DVB
·
March 12, 2019
သာသနာ့အလံကို ဆန္ဒပြပွဲများတွင် သုံးစွဲမှု ကြီးကြပ်ပေးရန်  သံဃနာယကကို လျှောက်ထား
Donate to DVB

သာသနာ့အလံကို နိုင်ငံရေးဆန္ဒဖော်ထုတ်ပွဲတွေမှာ သုံးစွဲတာနဲ့ အလွဲသုံးနေကြတာကို ကြီးကြပ်ပေးဖို့ သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ကို လျှောက်ထားလိုက်ပါတယ်။

မနေ့က ရန်ကုန်မှာ ကျင်းပတဲ့ ၇ ကြိမ်မြောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ အစည်းအဝေးမှာ လျှောက်ထားလိုက်တာပါ။

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက လမ်းဘေး၊ လမ်းဆုံလမ်းခွ၊ မော်တော်ယာဉ်ဆိပ်၊ ရေဆိပ်၊ ဈေး စတဲ့ နေရာတွေမှာ အကြောင်းမဲ့သက်သက် သာသနာ့အလံတော်ကို အသုံးမပြုရ လို့ သတ်မှတ်ထားပေမယ့် မလိုက်နာတာကို တွေ့မြင်နေရပြီး ကြီးကြပ်တာ မရှိကြလို့ မထီမဲ့မြင်ပြုသလို သာသနာ့အလံတော်ကို နိုင်ငံရေး ဆန္ဒဖော်ထုတ်ပွဲမှာ သုံးတဲ့အထိ အတင့်ရဲလာကြတယ်လို့ ပြောပါတယ်။

သာသနာ့အလံတော်ကို ရဟန်းတော်တွေ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဘုရားဖူးယာဉ် အမျိုးမျိုးမှာ မတပ်ဆင် မသုံးရလို့ တိုက်ရိုက်တားမြစ်ထားပေမယ့် ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာကိုလည်း တွေ့ရတယ်လို့ ပြောပါတယ်။

ဒါကြောင့် သံဃနာယက လက်စွဲပါ သတ်မှတ်ချက်တွေနဲ့အညီ အလေးဂရုပြုပြီး သုံးစွဲကြ စေဖို့အတွက် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ကြီးကြပ်ကွပ်ကဲပေးဖို့ ဩဝါဒပေး ညွှန်ကြား သင့်တယ်လို့ အကြံပြုလျှောက်ထားခဲ့ပါတယ်။

ဒါ့အပြင် သာသနာ့အလံတော်ရဲ့ အရွယ်အစား၊ အရောင်အသွေးတွေကို ပြည့်ပြည့်စုံစုံ ပြဋ္ဌာန်းထား ပေမယ့် သတ်မှတ်ချက်အတိုင်း မဟုတ်ဘဲ ပြုပြင်ချုပ်လုပ်တာ၊ မလျော်ညီတဲ့နေရာမှာ သုံးနေ ကြတဲ့ကိစ္စကိုလည်း ကြပ်မတ်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

နှစ်စဉ် ဝါဆိုသံဃာစာရင်းတွေ ပုံမှန်ကောက်ယူနေတာမှာလည်း တိကျသေချမှု အားနည်း နေတာကြောင့် ဒီနှစ်မှာမြို့နယ်ပေါင်း ၃၃၀ က ဘုန်းကြီးကျောင်းပေါင်း ၆၆၆၀၀ ကျော်နဲ့ သီလရှင် ကျောင်းပေါင်း ၄၅၀၀ ကျော်မှာ ဝါဆိုသံဃာစာရင်း ကွင်းဆင်းကောက်ယူရေး အဖွဲ့တွေနဲ့ ဆော့ဖ်ဝဲလ်အသုံးပြု ကောက်ယူသွားမယ်လို့လည်း အသိပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013