DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းခေတ္တဝန်ကြီးချုပ်အဖြစ် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးကို တာဝန်ပေး
DVB
·
March 12, 2019
တနင်္သာရီတိုင်းခေတ္တဝန်ကြီးချုပ်အဖြစ် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးကို တာဝန်ပေး
Donate to DVB

လစ်လပ်နေတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်ရဲ့ လုပ်ငန်းတာဝန်တွေထမ်းဆောင်ဖို့ တိုင်းအစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်ကို ခေတ္တဝန်ကြီးချုပ်အဖြစ်ခန့်အပ်ပြီး တာဝန်တွေ ပူးတွဲထမ်းဆောင်ဖို့ သမ္မတရုံးက ညွှန်ကြားစာ ထွက်ရှိလာပါတယ်။

သမ္မတဦးဝင်းမြင့်ရဲ့အမိန့်အရ ‘တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်ကို ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲလိုက်ပြီး လစ်လပ်နေတဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်နိုင်ဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်အား ခေတ္တဝန်ကြီးချုပ်တာဝန်ကို ပူးတွဲပေးအပ် ကြောင်း သိရှိနိုင်ပါရန်ပေးပို့ပါသည်’လို့ မတ်လ ၁၁ ရက်နေ့စွဲနဲ့ ညွှန်ကြားစာပေးပို့ လာတာလို့ ကော့သောင်းမြို့လွှတ်တော်ကိုယ်စားလှယ်များရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှုနဲ့ အရေးယူထိန်းသိမ်းပြီးနောက် တနင်္သာရီတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက ဝန်ကြီးချုပ် တာဝန် ယာယီလွှဲပြောင်းထမ်းဆောင်ခဲ့ပြီး နောက်တနေ့မှာ ဝန်ကြီးဦးမြင့်မောင်ကို ခေတ္တဝန်ကြီးချုပ် အဖြစ် တာဝန်ပေးအပ်ကြောင်း စာထွက်ရှိလာတာ ဖြစ်ပါတယ်။

ဒေါက်တာလဲ့လဲ့မော်ကို ကော့သောင်းမြို့နယ် တရားရုံးမှာ မနေ့က ချုပ်ရက်ရမန်ယူပြီး ထားဝယ်အကျဉ်းထောင်သို့ ပို့ဆောင်ထားကာ နောက်တကြိမ် ရုံးချိန်ကို မတ်လ ၂၅ နေ့ရက်ကို ချိန်းဆိုထားပါတယ်။

လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013