DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို တာဝန်ကရပ်စဲ
DVB
·
March 12, 2019
တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို တာဝန်ကရပ်စဲ
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို မတ်လ ၁၁ ရက်ကစပြီး တာဝန်ကနေ ရပ်စဲလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်စာထုတ်ပြန်လိုက်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နဲ့ Global Grand Services (GGS) ကုမ္ပဏီက မန်နေးဂျင်းဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နဲ့ ဦးသူရအုံတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ ထားဝယ်ရဲစခန်းမှာ အမှုဖွင့် အရေးယူလိုက်ပြီးနောက် တာဝန်ကနေရပ်စဲကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တရားဝင် အမိန့်ထုတ်ပြန်တာပါ။

ဒေါက်တာလဲ့လဲ့မော်ကို ကော့သောင်းမြို့နယ် မြို့မရဲစခန်း ရဲရိပ်သာမှာ မနေ့က အကျယ်ချုပ်ထားရှိပြီး မွန်းလွဲပိုင်းမှာ လေယာဉ်နဲ့ ထားဝယ်ကို ပို့ဆောင်လိုက်တယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013