DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့တွင် လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်သူများ အမှုဖွင့်စစ်ဆေးခံနေရ
DVB
·
October 9, 2012
မန္တလေးမြို့တွင် လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်သူများ အမှုဖွင့်စစ်ဆေးခံနေရ
Donate to DVB

ပြီးခဲ့တဲ့မေလက မန္တလေးမြို့မှာ ၂၄ နာရီလျှပ်စစ်မီးရရှိရေး ငြိမ်ချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ သူတွေကို ရဲက အမှုဖွင့် အရေးယူ စစ်ဆေးမေးမြန်းမှုတွေ ထပ်ပြီးလုပ်နေတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ လွန်ခဲ့တဲ့ ၅ လလောက်က  လျှပ်စစ်မီးရရှိရေးအတွက် ဖယောင်းတိုင် မီးထွန်းပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ထုတ်ခဲ့ကြသူ အနည်းဆုံး ၁၀ ဦးလောက်ကို မန္တလးရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးမေးမြန်းပြီး ခွင့်ပြုချက်မရဘဲ ဆန္ဒပြမှုနဲ့ အမှုဖွင့် အရေးယူမှုတွေ ရှိနေတယ်လို့ အရေးယူခံနေရသူတွေက ပြောပါတယ်။

[caption id="attachment_31749" align="alignleft" width="300" caption="မန္တလေးတိုင်း လျှပ်စစ်ဌနာရုံးရှေ့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြစဉ်က"][/caption]

ပုဒ်မ ၁၈  ငြိမ်းချမ်းစွာ စုရုံးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ကို ချိုးဖောက်မှုနဲ့ ရဲစခန်းက အမှုဖွင့်ထားတာဖြစ်ပြီး အမှုဖွင့်ထားတဲ့အကြောင်းကို ချမ်းအေးသာဇံမြို့နယ် အမှတ် ၈ ရဲစခန်းက တယ်လီဖုန်းနဲ့ ဆက်သွယ် အကြောင်းကြားလာတာလို့ စိမ်းရောင်စိုအဖွဲ့ ဒုဥက္ကဋ္ဌ ကိုမင်းထက်ငြိမ်းချမ်း က ပြောပါတယ်။

“ရဲစခန်းမှာ စစ်ချက်တွေယူချင်လို့တဲ့။ ဘာအတွက်လဲဆိုတော့ အမှတ် ၈ ရဲစခန်းမှာ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားလို့ပါတဲ့။ လောလောဆယ်တော့ အမှုဖွင့်ထားတဲ့အကြောင်းကို လှမ်းအသိပေးတာပေါ့။ ဖယောင်းတိုင်ထွန်းဆန္ဒပြတဲ့ ကိစ္စနဲ့ပတ်သက်ပြီးပေါ့။”

စစ်ဆေးမေးမြန်းခံနေရသူတွေထဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေဖြစ်တဲ့ ဒေါ်ခင်သန်းမြင့်၊ ဦးချစ်ယဉ်၊ ထောင်ဝင်စာပံ့ပိုးကူညီသူ ဒေါ်သွယ်သွယ်စန်း၊ နိုင်ငံရးတက်ကြွလှုပ်ရှားသူ မအမာနီနဲ့ စာပေနယ်က စာရေးဆရာ၊ ကဗျာဆရာ ဥက္ကာကျော် စသူတို့လည်း ပါဝင်ပါတယ်။

မအမာနီကိုတော့ ဥပဒေ ပုဒ်မ ၁၈ နဲ့ တရားစွဲလိုက်တဲ့အကြောင်း မန္တလေးမြို့ အမှတ် ၈ ရဲစခန်းက အောက်တိုဘာ ၆ ရက်နေ့ အကြောင်းလာကြားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေမှာ မန္တလေးမြို့မှာ လျှပ်စစ်မီး အချိန်ပြည့် ရရှိရေးအတွက် မန္တလေးတိုင်း လျှပ်စစ်ဌာနရုံးရှေ့ မှာ ဒေသခံတွေ ထောင်နဲ့ချီပြီး မီးရရှိဖို့ ဖယောင်းတိုင်ထွန်း ဆန္ဒဖော်ထုတ်ခဲ့တာပါ။

ဒီဆန္ဒပြပွဲဖြစ်ပွားပြီးနောက် ကိုမင်းထက်ငြိမ်းချမ်းနဲ့ မအမာနီအပါအ၀င် ဆန္ဒထုတ်ဖော်သူ အများအပြားကို မေလ ၂၃ ရက်နေ့မှာ မန္တလေးအခြေစိုက် မှုခင်းတပ်ဖွဲ့ကနေ ခေါ်ယူ စစ်ဆေးခဲ့ပြီးလည်း ဖြစ်ပါတယ်။

ကိုမင်းထက်ငြိမ်းချမ်းကတော့ စွပ်စွဲထားတဲ့အမှုကို  တရားဥပဒေနည်းလမ်းတကျ ရင်ဆိုင်သွားမယ်လို့  ပြောပါတယ်။

“တရားဥပဒေနည်းလမ်းကျကျ ခုခံသွားမှာပဲ။ ဒါဟာ မတရားဘူး။ လက်ရှိ ပြုပြင်ပြောင်းလဲရေးအတွက်လည်း မသင့်တော်တဲ့ကိစ္စဆိုတာကို မီဒီယာအနေနဲ့ရော တဦးချင်းအနေနဲ့ ဖော်ထုတ်မယ်။ ဖော်ထုတ်ဖို့ တာဝန်လည်းရှိတယ်။ နိုင်ငံတော်သမ္မတကြီး အမေရိကန် ခရီးစဉ်ကပြန်လာတာမှ မကြာသေးဘူး၊ အားလုံးကလည်း ကြိုဆိုကြ နဲ့ အောက်မှာဖြစ်နေတာက လက်တွေ့နဲ့ အပေါ်ကနဲ့ တခြားစီပဲ။ ကျနော်ဆိုလိုတာက ဥပဒေနဲ့အညီမလုပ်ရဘူး၊ တရားမစွဲရဘူး ပြောတာမဟုတ်ဘူး။ ဒီလို မီးကိစ္စမျိုးက တကယ်ဆို အဲ့လပိုင်းကဖြစ်ခဲ့ပြီး ၃ ရက်လောက် ဆန္ဒဖော်ထုတ်ခဲ့ပြီး ပြီးသွားပြီ။ နောက်ဆက်တွဲ အာဃာတလည်း မရှိဘူး။ အစိုးရနဲ့ ပြည်သူလည်း ကြည်ဖြူနေပြီ။ ဒီအချိန် ထ တရားစွဲတယ်ဆိုရင် သက်ဆိုင်ရာ အထွေအထွေအုပ်ချုပ်ရေးမှူး ဒါမှမဟုတ် ပြည်ထဲရေးဘက်က ဒါတွေအပေါ် အမြဲသံသယ ရှိနေတယ် ဆိုတာရယ် ဒါဟာ ပဋိပက္ခအသွင်ဆောင်နေတယ် ဆိုတာ ပြောချင်တယ်။”

ဒီအမှုနဲ့ပတ်သက်ပြီး ချမ်းအေးသာဇံ ရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ စခန်းမှူး ရဲအုပ် သန်းထွန်းအောင် ကိုယ်တိုင် ဒီအမှုကို ကိုင်တွယ် စစ်ဆေးနေတာဖြစ်ပြီး အသေးစိတ် ဖြေကြားပိုင်ခွင့်မရှိဘူးလို့ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တဦးက တုံ့ပြန်ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013