
မကွေးတိုင်း၊ ချောက်မြို့နယ်၊ ဆင်ကရွာမှာ မနေ့ညက လောင်ကျွမ်းခဲ့တဲ့ မီးဘေးကြောင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရတဲ့ အိမ်ထောင်စု ၁၃ စုကို ထောက်ပံ့ငွေ ကျပ် ၁၄ သိန်းကျော်နဲ့ ပစ္စည်းတွေ ပေးအပ်ခဲ့တယ်လို့ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတာဝန်ရှိသူ ကပြောပါတယ်။
မီးဘေးသင့်သူတွေအတွက် တအိမ်ထောင်ကို ငွေကျပ် ၁ သိန်းနဲ့ လူတဦးကို တပတ်စာ ဆန်ဖိုး ငွေကျပ် ၂၁၀၀ ကျပ်စီနဲ့ စုစုပေါင်း ကျပ်ငွေ ၁,၄၀၅,၀၀၀ကို မေလ ၁၁ ရက်မှာ အာဏာပိုင်တွေက ပေးအပ်ခဲ့တာပါ။
ဒ့ါအပြင် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးဖြစ်တဲ့ ကျား လုံချည် ၁၃ ထည်၊ မလုံချည် ၁၃ ထည်၊ စောင် ၁၃ ထည်၊ တဘက် ၁၃ ထည်၊ ဒန်အိုး ၁၃ လုံး၊ တီရှပ် ၂၆ ထည်၊ ဆပ်ပြာ ၁၃၊ ၂ ယောက်အိပ် ခြင်ထောင် ၁၃ လုံး၊ စတီးဓား ၁၃ ချောင်း၊ စတီးဇွန်း ၂၆ ချောင်း၊ စတီး aသာက်ရေခွက် ၁၃ ခွက်၊ ပလပ်စတစ်ရေချိုးခွက် ၁၃ ခွက်၊ စတီးပန်းကန်ပြား ၂၆ ချပ်၊ တာပေါ်လင် ၁၃ ချပ်နဲ့ လေးထောင့် ပလပ်စတစ်ပုံးအကြည် ၁၃ ပုံး ပေးအပ်ခဲ့ပါတယ်။
မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကလည်း တအိမ်ထောင်ကို ဆန် ၃ပြည်ကျော်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၁ ထုပ်၊ ဒန်အိုး၊ ပန်းကန်၊ စတီးဇလုံ၊ ဟင်းသောက်ပန်းကန်လုံး၊ သောက်ရေခွက်၊ ဇွန်း၊ ကျား/မ ကလေးဝတ် အနွေးထည်၊ အင်္ကျီ၊ ပုဆိုးနဲ့ ထမီပါ အဝတ်စားထုပ် ၁ ထုပ်တို့ကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။
အလားတူမီးဘေးသင့်သူတွေအတွက် ကြီးနီကျေးရွာကျောင်းဆရာတော်၊ ဘုံးဘွဲ့ကျေးရွာကျောင်းဆရာတော်၊ ချောက်မြို့ ကောင်းကင်ပွဲရုံ၊ အေးဝမ်းဖြိုးပဲမျိုးစုံပွဲရုံနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကလည်း ထောက်ပံ့ငွေတွေနဲ့ ဆန်ဆီ စားနပ်ရိက္ခာတွေ ပေးအပ်လှူဒါန်းခဲ့ပါတယ်။
ကိုလင်း(ချောက်)











