DVB Logo
Home
မြန်မာသတင်း
မြေလွတ်​​မြေရိုင်းဥပ​ဒေကို တမူးမြို့နယ်တွင် ကန့်ကွက်ဆန္ဒပြ
DVB
·
March 11, 2019
မြေလွတ်​​မြေရိုင်းဥပ​ဒေကို တမူးမြို့နယ်တွင် ကန့်ကွက်ဆန္ဒပြ
1 / 4
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှာ ဒီနေ့မနက်ပိုင်းက ကူကီး လူငယ်​ကွန်​ရက်​ကနေ ဦးဆောင်ပြီး ကျေးရွာ​နေ ပြည်​သူတွေက ၂၀၁၈ ​မြေလွတ်​​မြေရိုင်းဥပ​ဒေကို ကန့်ကွက်ဆန္ဒထုတ်​​ဖော်ခဲ့ကြပါတယ်။

ကူကီးလူငယ်​ကွန်​ရက်​မှ ဦး​ဆေးကင်​က​ “မြေလွတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေမှာ ပါရှိတဲ့အချက်တွေဟာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ ဓလေ့ထုံးတမ်းအရ စီမံပိုင်ခွင့်တွေကို အသိမှတ်မပြုဘဲ တဖက်သတ်ရေးစွဲထားတဲ့ ဥပဒေဖြစ်တဲ့အပြင် လယ်ယာမြေလုပ်ကိုင်သူတွေကို ကျူးကျော်နေထိုင်စိုက်ပျိုးသူတွေအဖြစ် သတ်မှတ်တဲ့ဥပဒေ ဖြစ်နေတာကြောင့် လူမှုအဖွဲ့အစည်းတွေက ကန့်ကွက်နေကြပါတယ်” လို့ ပြောပါတယ်။

တမူးမြို့နယ်​အထက်​ပိုင်း ကူကီးတိုင်းရင်​သားတွေ နေထိုင်​တဲ့ ဖိုင်​လင်းရွာ၊ နန်း​အောင်​​မော်​ရွာ၊ အောင်​​ဇေယျရွာ၊ ​စေတီရွာ၊ မန်​​တော်​ရွာ၊ တုံ​ကျော်​၊ သနန်​၊ ​ရွှေ​လေးဘိုလ်​၊ ကျွန်းပင်​သာရွာ၊ ဝက်​ရှူရွာနဲ့​ နောင်​ကစ်​ရွာ ၁၁ ရွာက ကျေးရွာပြည်သူ အ​ယောက်​ ၄၀၀ ကျော်က ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

“ဒီ​နေ့က​ မြေယာဥပ​ဒေ သတ်​မှတ်​တာ​ နောက်​ဆုံးရက်​လည်းဖြစ်​တယ်​။ အဲဒီဥပ​ဒေကို ကူကီးမျိုးနွယ်​ဖြစ်​တဲ့ ကျနော်တို့က လက်​မခံနိုင်​ပါဘူး” လို့ ရွာသား​တဦးက ပြောပါတယ်​။

ဒီဆန္ဒထုတ်ဖော်ပွဲမှာ ​စေတီရွာ၊ ဖိုင်​လင်းရွာ၊ တုံး​ကျော်​ရွာ အပါအဝင် ရွာလေးရွာကို စီးတန်းလှည့်လည်ခဲ့ကြပြီး ၂၀၁၈ ​မြေလွတ်​​မြေရိုင်းဥပ​ဒေကို အလိုမရှိ … အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013