DVB Logo
Home
Lead Story
အကယ်ဒမီဆုရွေးသည့် ဒိုင်အဖွဲ့တွင် ရုပ်ရှင်မရိုက်ဖူးသူ မပါသင့်ဟု ဒါရိုက်တာဏကြီး ပြော
DVB
·
March 11, 2019
အကယ်ဒမီဆုရွေးသည့် ဒိုင်အဖွဲ့တွင် ရုပ်ရှင်မရိုက်ဖူးသူ မပါသင့်ဟု ဒါရိုက်တာဏကြီး ပြော
Donate to DVB

မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုရွေးချယ်တဲ့ ဒိုင်အဖွဲ့မှာ ရုပ်ရှင်မရိုက်ဖူးတဲ့သူ မပါသင့်ဘူးလို့ မီ ရုပ်ရှင်ဇာတ်ကားနဲ့ ပရိတ်သတ်အားပေးမှု အခိုင်အမာရထားတဲ့ ဒါရိုက်တာ ဏကြီး ကပြောပါတယ်။

ဆုရွေးချယ်တဲ့ ဒိုင်တွေဟာ အကယ်ဒမီ စကာတင်စာရင်းဝင်ဖူးသူလောက်တော့ ဖြစ်သင့်တယ်လို့  ဒါရိုက်တာဏကြီး ကဆိုပါတယ်။

လက်ရှိ ဒိုင်ရွေးချယ်တာတွေဟာ ဒိုင်အဖြစ်ပါလိုသူကို ဒိုင်စာရင်းမှာ ထည့်သွင်းတာ ဖြစ်ပြီး ပြည်ပနိုင်ငံတွေမှာတော့ တတ်သိပညာရှင်တွေကို လိုက်လံ ကမ်းလှမ်းပြီး ဆုရွေးချယ်ရေးအဖွဲ့မှာ ထည့်သွင်းတဲ့ ပုံစံ ဖြစ်တယ်လို့  ပြောပါတယ်။

ဒါ့အပြင် တခြားနိုင်ငံတွေမှာ ဆုချီးမြှင့်ပြီးရင် ဆုရသွားတဲ့ သူတွေရဲ့ ဇကာတင်စာရင်းဝင်ပြီး မရလိုက်တဲ့ သူတွေရဲ့ရမှတ်တွေကို အနုပညာရှင်တွေရော၊ ပရိတ်သတ်တွေကပါ သိခွင့်ရှိတဲ့ အတွက် ပိုပြီး ပွင့်လင်းမြင်သာမှုရှိတယ်လို့  ဒါရိုက်တာ ဏကြီးက ဆိုပါတယ်။

ဒါရိုက်တာ ဏကြီး ရိုက်ကူးတဲ့ မီ ရုပ်ရှင် ဇာတ်ကားဟာ မကြာမီ ကျင်းပမယ့် အကယ်ဒမီ ဆုပေးပွဲမှာ ဒါရိုက်တာဆု၊အမျိုးသမီး ဇာတ်ဆောင်ဆု တွေ စကာတင်စာရင်းဝင်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013