DVB Logo
Home
မြန်မာသတင်း
အသက်အငယ်ဆုံး မယ်စကြာဝဠာမြန်မာအလှမယ်လေး သွန်းမြတ်ကြယ်စင် (ရုပ်သံ)
DVB
·
March 11, 2019
အသက်အငယ်ဆုံး မယ်စကြာဝဠာမြန်မာအလှမယ်လေး သွန်းမြတ်ကြယ်စင် (ရုပ်သံ)
Donate to DVB

အလှမယ် Miss တယောက်ဖြစ်ဖို့အတွက် ခန္ဓာကိုယ်အလှ၊ ဦးနှောက်ဉာဏ်ရည် ဉာဏ်သွေးဟာ အရေးပါပြီး အဲဒီအချက်အလက်တွေကို အခြေခံပြီး ရွေးချယ်လေ့ရှိကြပါတယ်။

ခုတခါမှာတော့ ထူးခြားတဲ့ အရည်အသွေးတွေနဲ့ မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး အလှမယ်ဖြစ်လာခဲ့သူကတော့ မန္တလေးမြို့မှ အသက် ၄ နှစ်ခွဲအရွယ် အလှမယ်လေး သွန်းမြတ်ကြယ်စင် ဖြစ်ပြီး လတ်တလောအွန်လိုင်းပေါ်မှာ နာမည်ကြီးနေခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က Miss Golden Land Myanmar အဖွဲ့အစည်းက ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ Little Miss Supranational Myanmar အလှမယ်ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အလှမယ်သရဖူဆုကို ဆွတ်ခူးရရှိခဲ့တာပါ။

ချစ်စရာကောင်းတဲ့ ကိုယ်ဟန်အမူအရာတွေ၊ အရည်အသွေးတွေ၊ ပေါင်းသင်း ဆက်ဆံရေးစွမ်းရည်တွေ၊ ထူးချွန်တဲ့ ပါရမီအရည်အချင်းတွေကို ထုတ်ဖော်ပြသပြီး ယှဉ်ပြိုင်ရတဲ့ ဒီပြိုင်ပွဲမှာတော့ သမီးလေး သွန်းမြတ်ကြယ်စင်က ဒစ္စနေးရဲ့ နာမည်ကျော် ဇာတ်ကောင် မိုအာနာဝတ်စုံနဲ့ ထူးထူးခြားခြား ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

အောက်မှာ ဖော်ပြထားတဲ့ သွန်းမြတ်ကြယ်စင်ရဲ့ ကျေးဇူးတင်စကားပြောတဲ့ ရုပ် သံဗွီဒီယိုဖိုင်ထဲမှာတော့ သွက်သွက်လက်လက်၊ ချစ်စဖွယ် ပြောဆိုနေပုံကို ရှုစားကြရမှာာဖြစ်ပြီး ကြော်ငြာရိုက်ရတာနဲ့ မော်ဒယ်လုပ်ချင်တယ်လို့ သူက ပြောလိုက်ပါတယ်။

ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ ပုံရိပ်တွေနဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ လတ်တလောမှာ ၀င် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သိန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013