DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ ပို့မည့် စိတ်ကြွဆေးများ အိန္ဒိယတွင် ဖမ်းမိ
DVB
·
October 9, 2012
မြန်မာနိုင်ငံ ပို့မည့် စိတ်ကြွဆေးများ အိန္ဒိယတွင် ဖမ်းမိ
1 / 3
Donate to DVB

အိန္ဒိယ-မြန်မာနယ်စပ်မှာ မြန်မာနိုင်ငံဘက်ကို ပို့ဆောင်မယ့်  စိတ်ကြွမူးယစ်ဆေးဝါး အိန္ဒိယ  ရူပီငွေ ၇ သိန်းကျော် ဖိုးလောက်ကို အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။

မကြာသေးမီက မြန်မာနိုင်ငံနယ်စပ်အနီး  အိန္ဒိယနိုင်ငံဘက်က ကျမ်ဖိုင်းမြို့ လယ်စောင့်တဲ တခုကနေ မြန်မာနိုင်ငံကိုတင်သွင်းမယ့်  စိတ်ကြွဆေး ၁၂ သေတ္တာနဲ့ အလုံးပေါင်း ၇ သိန်းကျော် ဖမ်းဆီးရမိပြီး တရက်တည်းမှာပဲ နယ်စပ်ရှိ ဇိုးသဲမြို့မှာ စိတ်ကြွဆေး ၇ သေတ္တာနဲ့အတူ အလုံးပေါင်း ၄ သိန်းကျော်ကို စူမို ကားတစီးထဲကနေ ထပ်မံ ဖမ်းဆီးလိုက်တာပါ။ စုစုပေါင်း ရူပီးငွေ ၇ သိန်းကျော် တန်ဖိုးရှိပါတယ်။

[caption id="attachment_31733" align="alignleft" width="248" caption="ဖမ်းဆီးရမိသည့် စီဒိုဖက်ဒရင်း စိတ်ကြွဆေးပြားများ"][/caption]

ဩဂုတ်လနဲ့ စက်တင်ဘာလ ၂ လ အတွင်း မီဇိုရမ်ပြည်နယ်မှာ  မြန်မာနိုင်ငံကို တင်သွင်းမယ့် ရူ

ပီးငွေ ၃၂ သိန်း၊ ကျပ်ငွေ အားဖြင့် သိန်း ၅၀၀ ကျော် တန်းဖိုးရှိတဲ့ စိတ်ကြွဆေးတွေကို ဖမ်းဆီးရမိခဲ့ပြီးဖြစ်ပါတယ်။

မီဇိုရမ်ပြည်နယ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ အရာရှိတဦးဖြစ်တဲ့ Pu VL Renga က စီဒိုဖက်ဒရင်း စိတ်ကြွဆေးနဲ့ ပတ်သက်ပြီး အခုလို သုံးသပ်ထားပါတယ်။

[caption id="attachment_31734" align="alignright" width="249" caption="မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ အရာရှိ Pu VL Renga "][/caption]

“ကျနော်တို့ ဖမ်းမိသမျှ စိတ်ကြွဆေးအားလုံး မြန်မာနိုင်ငံကို တင်သွင်းဖို့ဖြစ်တယ်။ ပထမတော့ မြန်မာနိုင်ငံသားတွေကပဲ သယ်တယ်။ အခုတော့ အိန္ဒိယနိုင်ငံသား မီဇိုတွေပါ သယ်ဆောင်နေတယ်။ အိန္ဒိယနိုင်ငံက နာမည်အမျိုးမျိုးနဲ့ ထုတ်လုပ်ထားတဲ့ နှာဆေးချောင်းဆိုးဆေးတွေမှာ စီဒိုဖက်ဒရင်း ပါဝင်တယ်။  စီဒိုဖက်ဒရင်း  ၆၀ မီလီဂရမ်ပါဝင်တဲ့ ဆေးတွေကိုသာ စိတ်ကြွဆေးအတွက် သယ်ဆောင်လေ့ ရှိကြတယ်။  ဆေးတကတ်ကို ၆ ရူပီးလောက် တန်တယ်။ ၅ သောင်းဖိုးရင်းရင် ၁၀ သိန်းလောက် မြတ်တယ်လို့” ပြောပါတယ်။

ဒီဆေးတွေကို  မြန်မာနိုင်ငံ ဘယ်မြို့ ဘယ်နေရာမှာ စိတ်ကြွဆေး အဖြစ် သန့်စင်တယ် ဆိုတာမသိကြောင်းနဲ့ မြန်မာနိုင်ငံနဲ့ အာရှနိုင်ငံ တချို့ကနေ အနောက်နိုင်ငံတွေကို တင်ပို့နေတယ်လို့ သိရပြီး တလောကပဲ တရုတ်သင်္ဘောတစင်းကနေ အနောက်နိုင်ငံကိုတင်သွင်းမယ့် စိတ်ကြွဆေးတွေ ဖမ်းမိခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။

အနောက်နိုင်ငံတွေကနေတဆင့် သန့်စင်ပြီးသား စိတ်ကြွဆေးတွေ အိန္ဒိယနိုင်ငံကို ပြန်ဝင်လာလို့ အိန္ဒိယနိုင်ငံရဲ့ ရုပ်ရှင်မြို့တော် Bollywood နဲ့ မဏိပူရပြည်နယ်တို့မှာ သုံးစွဲနေကြပြီလို့ သိရပါတယ်။

“စိတ်ကြွဆေးတွေဟာ ဘိန်းဖြူနဲ့မတူဘူး၊ ဘိန်းဖြူကစိတ်ငြိမ်စေတယ်။ သူကတော့ ဒုစရိုက်မှု ကျုးလွန်လိုစိတ် ပေါ်ပေါက်လာစေတတ်တယ်။ ဒါကြောင့် အန္ဒရာယ်ကြီးတယ်” လို့ မူးယစ်အရာရှိက ပြောပါတယ်။

စီဒိုဖက်ဒရင်း ပါဝင်တဲ့ ဆေးတွေကို လိုင်စင်ရှိသူက သယ်ဆောင်မယ်ဆိုရင်တောင်မှ သယ်ဆောင်လိုတဲ့ အရေအတွက်၊ တန်ဖိုးနဲ့ သယ်ဆောင်မယ့်နေရာကို သက်ဆိုင်ရာထံ ကြိုတင်အကြောင်းကြားပြီး ခွင့်ပြုချက် စာရွက်စာတန်းအပြည်အစုံ ပါရှိရမယ်။ တရားမ၀င် သယ်ဆောင်သူကို အကြီးလေးဆုံး ပြစ်ဒဏ်အဖြစ် ငွေဒဏ် ရူပီး ၁ သိန်း နဲ့ ထောင်ဒဏ် ၁၀ နှစ် အထိ ကျခံစေနိုင်တယ်လို့လည်း ဆိုပါတယ်။

မီဇိုရမ်ပြည်နယ်ဟာ မြန်မာနိုင်ငံကို စိတ်ကြွဆေးတင်သွင်းတဲ့ အဓိက လမ်းကြောင်းဖြစ်နေပြီး အတတ်နိုင်ဆုံး နှိမ်နင်းသွားမယ်လို့လည်း မီဇိုရမ်ပြည်နယ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ အရာရှိက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013