DVB Logo
Home
Lead Story
ရန်ကုန်စည်ပင် ကိုယ်စားလှယ်လောင်း အလှမယ်ထက်ထက်ထွန်း မဲဆွယ်စည်းရုံး (ဓာတ်ပုံ)
DVB
·
March 10, 2019
ရန်ကုန်စည်ပင် ကိုယ်စားလှယ်လောင်း အလှမယ်ထက်ထက်ထွန်း မဲဆွယ်စည်းရုံး (ဓာတ်ပုံ)
1 / 14
Donate to DVB

ရန်ကုန်စည်ပင်ရွေးကောက်ပွဲ မဲဆန္ဒနယ် ၃ မှာ ၀င်ပြိုင်ရောက်ယှဉ်ပြိုင်မယ့် ရန်ကုန်မြို့ စည်ပင်သာယာရေး ကော်မတီဝင် ကိုယ်စားလှယ်လောင်း အလှမယ်  ထက်ထက်ထွန်းဟာ ဒီနေ့ ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံထဲမှာ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ခဲ့ပါတယ်။

ဒေါ်ထက်ထက်ထွန်းက “လုပ်တာ ကိုင်တာကြည်ပြီးတော့ မဲပေးပေါ့။ ပြည်သူတွေအတွက် တတ်နိုင်သမျှ ကူညီချင်တာပါ”လို့ ပြောပါတယ်။

မတ်လ ၃၁ ရက်နေ့ကျင်းပမယ့် ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ အလှမယ် ထက်ထက်ထွန်းလည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့  အမည်စာရင်းပေးထားပါတယ်။

ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဖေဖော်ဝါရီ ၂၈ ရက်ကနေ မတ်လ ၃၀ ရက်အထိ စည်းရုံးမဲဆွယ်ခွင့်ရရှိမှာဖြစ်ပြီး မဲဆွယ်စည်းရုံးမှုတွေကိုလည်း ပုံစံအမျိုးမျိုးနဲ့ စတင်လုပ်နေကြပါတယ်။

ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်ခြောက်ခုက ကော်မတီဝင် ၆ ဦး၊ မြို့နယ်တမြို့နယ်မှာ မြို့နယ်ဥက္ကဋ္ဌ ၁ ဦးနဲ့ အဖွဲ့ဝင် ၂ ဦး၊ မြို့နယ်ပေါင်း ၃၃ မြို့နယ်အတွက် ၉၉ ဦး စုစုပေါင်း ၁၀၅ ဦး ရွေးချယ်တင်မြှောက်သွားမှာပါ။

မတ်လ ၃၁ ရက်မှာ ပြုလုပ်မယ့် စည်ပင်ရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်ပြီး သူတိုင်းကို မဲပေးခွင့်ပြုထားပါတယ်။ ကော်မရှင်ရဲ့ထုတ်ပြန်ချက်အရ မြို့နယ် ၃၃ ခုမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃.၄ သန်းကျော်ရှိ ပါတယ်။

ဓာတ်ပုံ - လွင်မှိုင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013