DVB Logo
Home
မြန်မာသတင်း
အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် KNPP အလွတ်သဘော ဆွေးနွေး
DVB
·
March 10, 2019
အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် KNPP အလွတ်သဘော ဆွေးနွေး
Donate to DVB

အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)မှာ လက်မှတ်မထိုးရသေးတဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP က ကိုယ်စားလှယ်အဖွဲတို့ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ  PC က ဒီကနေ့ မနက်ပိုင်း အလွတ်သဘော တွေ့ဆုံဆွေးနွေးပါတယ်။

အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာ ပြည်ထောင်စုအဆင့်လက်မှတ်ထိုးထားတဲ့ သဘောတူညီချက် တွေ  တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အန်စီအေရေးထိုးနိုင်ဖို့ လိုအပ်ချက်တွေအကြောင်းကို အဓိကထားပြီး ဆွေးနွေးပါတယ်။

အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ PC အနေနဲ့ ကရင်နီအမျိုးသားတိုးတက် ရေးပါတီ KNPP အပါအဝင် NCA ထိုးထားတဲ့ ၁၀ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့လည်း မတ်လ ၉ ရက်နေ့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့သလို ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ ထပ်မံဆွေးနွေးခဲ့ပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013