DVB Logo
Home
Lead Story
အွန်လိုင်းပေါ် နာမည်ကြီးနေသည့် မျိုးကျော့မြိုင်သီချင်း-လူငယ်တွေ Sorry ပါ (ရုပ်သံ)
DVB
·
March 10, 2019
အွန်လိုင်းပေါ် နာမည်ကြီးနေသည့် မျိုးကျော့မြိုင်သီချင်း-လူငယ်တွေ Sorry ပါ (ရုပ်သံ)
Donate to DVB

“လူငယ်တွေ Sorry ပါ… ငယ်ရွယ်စဉ် အကျင့်လုပ်ကာ… ပညာရှာ ကျောင်းတက် … အပြိုင်အဆိုင် ဘ၀သင်ခန်းစာ… တနှစ်တတန်းပေါ့… မနိုင်ရင်လေ ဒုက္ခရောက်မှာ… ဆယ်နှစ်စာလုံးလုံး… စာတွေကို အလွတ်ကျက်ခဲ့တာ”

ဒါကတော့ လတ်တလော အွန်လိုင်းပေါ်မှာ နာမည်ကြီးနေခဲ့တဲ့ ၀ါရင့်တေးသံရှင် မျိုးကျော့မြိုင်ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ လူငယ်တွေ Sorry ပါ အမည်ရတဲ့ သီချင်းစာသားတွေ ဖြစ်ပါတယ်။

“တကယ်ပါ Sorry ပါ… ရှင်သန်တဲ့ ကိုယ့်ရဲ့ မြေမှာ… တန်ဖိုးရှိတဲ့ နေရာတေ လည်း… တဖြည်းဖြည်းရှားလာ… ကလေးတွေ ဘယ်လိုမှတ်မလဲ… အမှန်တွေကို မသိတော့တဲ့အခါ… နွေရာသီ မိုးကရွာ… အရာရာ ပုံမှန်မဟုတ်တော့တာ… တကယ်ကို Sorry ပါ… မြေတွေကို သူများပေးလိုက်တာ… တကယ်ကို Sorry ပါ… အပင်တွေကုန်အောင် ခုတ်ပစ်ခဲ့တာ”

ဒီသီချင်းသစ်ထဲမှာတော့ မျိုးကျော့မြိုင်က သဘာဝသယံဇာတပြုန်းတီးမှုတွေနဲ့အတူ ဖောက်ပြန်ပြောင်းလဲလာတဲ့ မြန်မာပြည်ရဲ့ လတ်တလော ပစ္စက္ခအခြေအနေတွေ၊ လူငယ်တွေကို ဒီခေတ်ထဲမှာ ကြိုးစားကြဖို့ တာဝန်ကျေကြဖို့ နောက်လူတွေအတွက် သမိုင်းသစ်ရေးထိုးနိုင်ဖို့ တွန်းအားပေးရေးဖွဲ့ထားတာပါ။

ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ကိုတော့ မျိုးကျော့မြိုင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာ နက် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ၀င် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သိန်းနဲ့ချီရှိနေခဲ့ပြီး ပြန်လည်မျှဝေမှုတွေလည်း ရှိနေပါတယ်။

“လူငယ်တွေ အရေးကြီးတာ… အရာရာ ပြန်စမှဖြစ်မှာ… နောင်လူသစ်များအတွက်… ပြင်ဆင်ကာ သမိုင်းအသစ်ရေးပါ… ပျက်စီးနေတဲ့ ဒီအချိန်ဟာ ပြီးသွားတော့မှာ … ကိုယ်ဖြစ်လာဖို့ မသေချာတာ သိကြစမ်းပါ… လူငယ်တွေ Sorry ပါ… ထင်သလို လုပ် ခဲ့မိတာ… လူငယ်တွေ Sorry ပါ… အမှန်တွေကို မပြောထားခဲ့တာ”

မျိုးကျော့မြိုင်ဟာ ၁၉၉၀ ပြည့်လွန်ကာလတွေကစလို့ ဂီတလောကထဲကို မိုးတွေ ရွာနေချိန်ခဏ သီချင်းအယ်လ်ဘမ်နဲ့ ၀င်ရောက်လာခဲ့ပြီး ကိုယ်ပိုင်သံစဉ် သီချင်းပေါင်းများစွာကို ဖန်တီးရေးဖွဲ့ခဲ့ပြီး အောင်မြင်တဲ့ တေးသံရှင်တဦး ဖြစ်လာခဲ့တာပါ။

သူသီဆိုခဲ့တဲ့ တေးသီချင်းအယ်လ်ဘမ်ပေါင်း ၁၁ ချပ်နဲ့ အတွဲသီချင်း အယ်လ်ဘမ် အနည်းဆုံး ၃၀ ထက်မနည်းရှိခဲ့ကာ Remix သီချင်းတွေအနေနဲ့ ဖန်တီးရေးဖွဲ့ခဲ့တဲ့ သီ ချင်းတွေဟာလည်း ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါတယ်။

ဒီသီချင်းကို မှတ်ချက်ရေးသားပြီး အားပေးခဲ့ကြသူတွေထဲမှာ ပရိသတ်တွေအပြင် နာမည်ကြီးတေးရေး၊ တေးဆိုတွေလည်း ပါဝင်နေခဲ့ပြီး တေးရေး ရွှေဂျော်ဂျော်ကတော့ ခုလို မှတ်ချက်ရေးခဲ့တာကို တွေ့ရပါတယ်။

“အရမ်းကောင်းတယ် ကိုမျိုးကျော့၊ လုပ်သင့်တာ တခု လုပ်ခဲ့တာ ကျေးဇူးပါ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013