DVB Logo
Home
မြန်မာသတင်း
ကျပ်သိန်း ၂ သောင်း တန်ဖိုးရှိ မူးယစ်ဆေးနှင့်ဆက်စပ်ပစ္စည်းများ မိုင်းဆတ်တွင် ဖမ်းမိ
DVB
·
March 10, 2019
ကျပ်သိန်း ၂ သောင်း တန်ဖိုးရှိ မူးယစ်ဆေးနှင့်ဆက်စပ်ပစ္စည်းများ မိုင်းဆတ်တွင် ဖမ်းမိ
Donate to DVB

ရှမ်းပြည်နယ် မိုင်းဆတ်မြို့နယ်မှာ ငွေကျပ်သိန်း ၂၀,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

မတ် ၈ ရက်နေ့ ညနေပိုင်းက မူးယစ်တပ်ဖွဲ့စု (၂၉) မိုင်းဆတ်မှ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မိုင်းဆတ်မြို့နယ်၊ စတုံးကျေးရွာအုပ်စု၊ လွယ်ပါရင် ၂ ကျေးရွာအနီး တာချီလိတ်-မိုင်းဆတ်ကားလမ်းပေါ်မှာ ရှာဖွေစစ်ဆေးရာကနေ ဖမ်းဆီးမိခဲ့တာလို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။

TOYOTA REVO အမျိုးအစား မော်တော်ယာဉ်တစီးဟာ စစ်ဆေးရေးအဖွဲ့နေရာ မရောက်မီ ကိုက် ၄၀၀ လောက်အကွာမျာ မော်တော်ယာဉ်ရပ်တန့်ပြီး ယာဉ်မောင်းဖြစ်သူဟာ ကားလမ်းဘေးရှိ လျှိုအတွင်း ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ယာဉ်ကိုရှာဖွေရာ နောက်ခန်းမှာ ဆာလာအိတ် ၁၃ အိတ်အတွင်းက စိတ်ကြွရူးသွပ်ဆေးပြားအရေအတွက် သိန်း ၂၀ နဲ့ မူးယစ်ဆေးဝါး ထုပ်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပြိး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ စစ်ဆေးအရေးယူနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013