DVB Logo
Home
မြန်မာသတင်း
ရခိုင်စစ်ဘေးရှောင်များ ပြန်လည်နေရာချထားရေး ပြည်နယ်အစိုးရစီစဉ်မည်
DVB
·
March 10, 2019
ရခိုင်စစ်ဘေးရှောင်များ ပြန်လည်နေရာချထားရေး ပြည်နယ်အစိုးရစီစဉ်မည်
1 / 8
Donate to DVB

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ရက္ခိုင့်မတော်အေအေ မြန်မာ့တပ်မတော်တို့ရဲ့ တိုက်ပွဲတွေအတွင်း စစ်ဘေးရှောင်ဒုက္ခသည်တွေကို ပြန်လည်နေရာချထားပေးဖို့ စီစဉ်သွားမယ် လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

“ပြန်လည်နေရာချထားဖို့ဆိုတာက ကျနော်တို့က နေပြီးတော့ အချို့အချို့တွေကလည်း သူတို့နေရာမှာ တိုက်ပွဲမဖြစ်တော့ဘူးဆိုပြီးတော့ ပြန်သွားတဲ့သူတွေလည်း ရှိတယ်။ မပြန်ဘဲ ရှိနေတဲ့သူတွေလည်း ရှိကြတယ်။ ဒါတွေကို ကျနော်တို့နေပြီးတော့ တကယ်လို့ ဒီဟာကြီးက ထပ်ပြီးတော့ ကြာရှည်နေမယ်ဆိုလို့ရှိရင် မိုးတွင်းပိုင်းအထိ ဖြစ်နေမယ်ဆိုလို့ရှိရင်တော့ မိုးတွင်းပိုင်း နေဖို့ထိုင်ဖို့ အတွက်တော့ အစီအစဉ်ချပေးမယ်လို့ စဉ်းစားထားပါတယ်ခင်ဗျ” လို့ ပြောပါတယ်။

နောက်ပြီးတော့ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးတာ အစိုးရဘက်က အနည်းနေ တယ်လို့ ဝေဖန်သံတွေလည်း ထွက်ပေါ်နေပါတယ်။

ဦးဝင်းမြင့်က “စားဝတ်နေရေးကတော့ မပြတ်လပ်အောင် ကူညီပေးနေတယ်။ အစားအစာတွေ၊ ဆန်တွေ၊ ဆီတွေ ဒါတွေတော့ ကျနော်တို့ ကူညီပံ့ပိုးပေးနေပါတယ်။ ဒါမယ့် လတ်တလောရောက်လာတယ်။ ကျနော်တို့နဲ့ အချိတ်အဆက်မရမီမှာတော့ နည်းနည်း လေးကွာဟတာ ရှိမယ်ထင်တယ်” လို့ ပြောပါတယ်။

တိုက်ပွဲတွေကို အစိုးရဘက်က ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးဖို့လိုသလို နိုင်ငံတကာစံနှုန်းတွေနဲ့အညီ IDP ဒုက္ခသည်စခန်းလို့ သုံးနှုန်းဖို့လိုတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စု အစည်းအရုံး အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“အစိုးရဘက် စစ်ဘေးရှောင်ဒုက္ခသည်တွေကို IDP လို့ သုံးနှုန်းတာမရှိဘဲ ယာယီခိုလှုံနေတယ်လို့ သုံးနှုန်းထားတယ်။ ဒီလိုသုံးနှုန်းတဲ့အပေးမှာ IDP ဆိုတဲ့စံချိန်စံညွန်းတွေနဲ့ ကူညီဆောင်ရွက်ဖို့ ကျနော်တို့ ခက်ခဲတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ဒီလိုပါပဲ။”

ရက္ခိုင့်တပ်မတော်အေအေနဲ့ တပ်မတော်တို့ ဆက်တိုက်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွား တာဟာ အချိန် ၃ လကျော် ရှိနေပါပြီ။

တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ဘူးသီးတောင်စတဲ့ မြို့နယ်တွေမှာ စစ်ဘေးရှောင် ဒုက္ခသည် ၁ သောင်းကျော်လောက်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီတိုက်ပွဲတွေအတွင်း ဒေသခံအရပ်သားတွေ သေဆုံးတာတွေ၊ ဖမ်းဆီး ခံရတာတွေလည်း မကြာခဏဆိုသလို ဖြစ်ပေါ်နေပါတယ်။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013