DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံထားရသည့် မြောက်ဦး ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပြန်လွတ်
DVB
·
March 10, 2019
ဖမ်းဆီးခံထားရသည့် မြောက်ဦး ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပြန်လွတ်
Donate to DVB

ရက္ခိုင့်တပ်မတော်အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁) (၂) နဲ့ အမှုဖွင့်ဖမ်းဆီးခံခဲ့ရတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူ ၄ ဦးနဲ့ ဒေသခံကုန်သည် ၁ ဦးတို့ကို ပြန်လွှတ်ပေးလိုက်တယ်လို့ မြောက်ဦး ရဲတပ်ဖွဲ့က ပြောပါတယ်။

မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးအောင်သူဖြိုးက “မှန်ပါတယ်ခင်ဗျ။ ဥပဒေအကြံပြုချက် အရ ကျနော်တို့က လွှတ်ပေးလိုက်တာပါ။ ဖမ်းဆီးတာကတော့ ကျနော်တို့ သက်ဆိုင်ရာ အဖွဲ့စည်းကနေပြီးတော့ မတရားအသင်းဆက်နွယ်တယ်ဆိုပြီးတော့ အမှုဖွင့်ဖမ်းဆီးတာပါ။ ရဲကတော့ သူတို့ဖွင့်တဲ့အတိုင်း ပုဒ်မနဲ့ တပ်ပြီးတော့ အမှုဖွင့်ရတာပေါ့” လို့ ပြောပါတယ်။

တပ်တော်ရာရှိတစ်ဦးက တရားလိုလုပ် တိုင်တန်းချက်အရ သူတို့ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဥပဒေဆိုင်ရာအကြံပြုချက်အရ တရားစွဲဆိုဖို့ မသင့်တာကြောင့် အမှုကိုပိတ်သိမ်းပြီး မတ် ၈ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်က လွှတ်ပေးခဲ့တာလို့ သတင်း ထုတ်ပြန်ရေးကော်မတီ ထုတ်ပြန်ထားပါတယ်။

လွတ်မြောက်လာသူတွေမှာ ရန်အောင်ပြင်အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်၊ကျောက်ဆည်ပြင် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ထွန်း၊ ပေါက်ပင်ကွင်း အုပ်ချုပ်ရေးမှူး ဦးမောင်တင်ချေ၊ ပြိုင်းရှား အုပ်ချုပ်ရေးမှူး ဦးမောင်ဦးစိန်နဲ့ ဒေသခံကုန်သည် ဦးကျော်သန်းတို့ ဖြစ်ပါတယ်။

သူတို့တွေကို ဖမ်းဆီးပြီးတဲ့နောက်မှာ မြောက်ဦးမြို့နယ်က ကျန်ရှိနေတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူး ၁၀၀ လောက်ဟာလည်း လုံခြုံမှုမရှိတော့ဘူးဆိုပြီး လက်ရှိတာဝန်ကို မထမ်းဆောင်လိုတော့ကြောင်း နုတ်ထွက်စာတင်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်အတွင်းက အရပ်သားတချို့ကို မတရားအသင်းနဲ့ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးတာတွေကြောင့် တချို့ကျေးရွာတွေမှာ ဒေသခံတွေကြောက်လန့်ပြီး ထွက်ပြေးနေကြရ တယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013