DVB Logo
Home
မြန်မာသတင်း
ပြည်သူနှင့် များများထိတွေ့ရန် စစ်ကိုင်းတိုင်းအစိုးရကို အတိုင်ပင်ခံ ပြော
DVB
·
March 9, 2019
ပြည်သူနှင့် များများထိတွေ့ရန် စစ်ကိုင်းတိုင်းအစိုးရကို အတိုင်ပင်ခံ ပြော
Donate to DVB

ပြည်သူတွေနဲ့ ထိတွေ့တာတွေ များများလုပ်ဖို့လိုပြီး ပြည်သူတွေ မေးချင်တာကို မေးခွင့်ပေးဖို့ စစ်ကိုင်းတိုင်းအစိုးရကို နိုင်ငံတော်အတိုင်ပင်ခံက ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မုံရွာမြို့ခံ ပြည်သူလူထုတို့ မတ်လ ၈ ရက်နေ့က ပြုလုပ်တဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။

ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ ရဲစခန်း၊ မီးသတ်စခန်း စတဲ့ အခြေခံလိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ တင်ပြချက်အပေါ် အခြေခံသတ်မှတ်ချက်၊ ဘဏ္ဍာရေး၊ ကျွမ်းကျင်ဝန်ထမ်းအခက်အခဲတွေ ရှိနေပြီး ဒါကို ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် တိုင်းအစိုးရအနေနဲ့ ပြည်သူတွေနဲ့ ထိတွေ့မှု များများလုပ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“တချို့ကိစ္စတွေကို တိုင်းအစိုးရကနေ ပြည်သူလူထုကြားမှာ ဆွေးနွေးပြီးတော့ အဖြေရှာရမယ့်ဟာတွေလို့ ကျမတို့မြင်ပါတယ်။ ဒါကြောင့် တိုင်းအစိုးရကိုလည်း မှာထားပါတယ်။ ပြည်သူလူထုနဲ့ ထိတွေ့မှု များများရှိအောင်လုပ်ပါ။ ပြည်သူမေးချင်တဲ့ မေးခွန်းတွေကို မေးပိုင်ခွင့်ပေးပါ။ ဒါမှလည်း ဖြေပေးလိုက်နိုင်မှာ။ ကျန်းမာရေးနဲ့ ပညာရေးဘက်မှာတော့  ဘဏ္ဍာငွေတိုးပြီးတော့ သုံးနေပါတယ်။ နောက်ပြီးတော့ ကျမတို့ ပိုပြီးတော့လည်း ဝန်ထမ်းတွေ ခန့်နေပါတယ်။ ကျောင်းဆရာ၊ ဆရာမတွေ၊ ဆရာဝန်တွေ၊ သူနာပြုဆရာမတွေ တနေ့ထက်တနေ့၊ တလထက်တလ တိုးပြီးတော့ ခန့်နိုင်ဖို့လည်း ကြိုးစားနေပါတယ်။ ဒါပေမယ့် ပြည်သူတွေအနေနဲ့တော့ ဘယ်လိုသတ်မှတ်ချက်တွေရှိလဲဆိုတာ သိအောင်လို့တော့ တိုင်းအစိုးရကနေ လုပ်ပေးပါလို့ ကျမအနေနဲ့ မှာကြားချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့ကိစ္စတွေက လွယ်လွယ်လေးနဲ့ အဖြေပေးလို့ရတဲ့ ကိစ္စတွေပါ။ ဗဟိုက တယောက်ယောက်လာမှ မေးရမယ့် ကိစ္စတွေမဟုတ်ပါဘူး။ တိုင်းအဆင့်မှာ ပြီးအောင် ဖြတ်ရမယ့် ကိစ္စတွေပဲ ဖြစ်ပါတယ်။”

ဒါ့အပြင် ဝန်ထမ်းတွေလာချင်အောင် အထူးသဖြင့် ဝေးလံပြီး ခက်ခဲတဲ့ဒေသတွေက ပြည်သူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့မိမြို့ဖတွေကလည်း လိုအပ်တာတွေကို ပံ့ပိုးပေးကြဖို့ ပြောဆိုခဲ့ပါသေးတယ်။

လက်ရှိမှာ ဝန်ထမ်းအင်အား မလုံလောက်မှုက နေရာတိုင်းမှာဖြစ်နေပြီး တက္ကသိုလ်ကျောင်းသားကျောင်းသူတွေအနေနဲ့ ဘွဲ့ရပြီးရင် နိုင်ငံ့ဝန်ထမ်းလုပ်ကြဖို့၊ အခုဝန်ထမ်းတွေမကောင်းရင် ကိုယ့်လက်ထက်မှာ ကောင်းအောင် လုပ်ဆောင်ကြဖို့ကို မတ်လ ၇ ရက်နေ့က မုံရွာတက္ကသိုလ်မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ပါသေးတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဦးဆောင်ပြီး ပြည်ထောင်စုဝန်ကြီးတွေပါဝင်တဲ့ ၄ ရက်တာ စစ်ကိုင်းတိုင်းခရီးစဉ်ကို မြို့ ၄ မြို့ကိုသွားရောက်ခဲ့ပြီး ခရီးစဉ်တချို့ဖျက်သိမ်းကာ မုံရွာမြို့မှာ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013