DVB Logo
Home
Lead Story
အွန်လိုင်းပေါ် နာမည်ကြီးနေသည့် ကျေးလက်ဆရာမလေးနှင့် ကလေးငယ်များ တေးသရုပ်ဖော် (ရုပ်သံ)
DVB
·
March 9, 2019
အွန်လိုင်းပေါ် နာမည်ကြီးနေသည့် ကျေးလက်ဆရာမလေးနှင့် ကလေးငယ်များ တေးသရုပ်ဖော် (ရုပ်သံ)
Donate to DVB

ကျောင်းနဲ့ ၀န်းကျင်ဟာ စာသင်သား ကလေးငယ်တွေအဖို့ ကျောင်းသင်ခန်းစာအ တွက်သာမက ကျန်တဲ့ ကာယ၊ ဥာဏ၊ စာရိတ္တနဲ့ အနုပညာစတဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု တွေအတွက်လည်း အရေးပါတဲ့ နေရာတခုဖြစ်ပါတယ်။

ခုနောက်ပိုင်းမှာတော့ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ၀ါသနာ၊ အနစ်နာနဲ့ စေတနာရှေ့ထားပြီး တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာ၊ ဆရာမလေးတွေရဲ့ အနုပညာနဲ့ စာသင်ကြားတဲ့ သီချင်းရုပ်သံ၊ တေးဂီတ အကသရုပ် ဖော်ရုပ်သံတွေဟာ ရေပန်းစားနေခဲ့ပြီး အများစိတ်ဝင်စားစရာ ဖြစ်နေခဲ့တာကို တွေ့ရပါတယ်။

လတ်တလောမှာတော့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ အဆိုတော်သွန်းရဲ့ ကောက်စိုက်ချိန် သီချင်းနဲ့ တပည့်ကလေးငယ်တွေနဲ့အတူ သရုပ်ဖော်ကပြခဲ့တဲ့ ဆရာမလေးရဲ့ ရုပ်သံဗွီဒီ ယိုဖိုင်ဟာ နာမည်ကြီးနေခဲ့ပါတယ်။

“မိုးအခါဝယ်​ ပျိုးသာတယ်… ​လယ်​ကွင်း​ဖွေး​ဖွေး လူစုံတယ်​လေ… ခ​မောက်​ကိုယ် စီ ဆောင်းလာပါကွယ်​​… ယောင်းမတို့ရေ… ကောက်​စိုက်​ဆင်းမယ်​… ပျင်းမ​နေနဲ့ လုပ်​အားပြမယ်​… အချိန်​ခါမှီ မိုးရွာ​တော့ သီချင်း​လေး​တွေ သံပြိုင်​ညီ”

မြူးကြွတဲ့ ဒီတေးသီချင်းဟာ အဆိုတော် သွန်းသီဆိုချိန်ကတည်းက ကျေးလက်ဂီ တနှစ်သက်သူတွေကြားမှာ လူကြိုက်များခဲ့ပြီး ခုလိုစည်းချက်ညီညီ ဆရာမလေးနဲ့ က လေးငယ်တွေရဲ့ အကအလှတွေနဲ့ ထွက်ပေါ်လာချိန်မှာလည်း လူသိများခဲ့တာ ဖြစ်ပါ တယ်။

“ပျော်​သည်ပျော်​သည် တောရဲ့သဘာဝ… စကြ​လှောင်​ကြ​… ကာလသား​တွေ ဝိုင်း​လို့ကျီစယ်​… စိတ်​မဆိုး​ကြေးပေါ့ကွယ်​”

အပျော်တမ်းရိုက်ကူးထားပုံရတဲ့ ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ကိုတော့ စာသင်ကျောင်း ကလေးရဲ့ ရှေ့ကွင်းပြင်ထဲမှာ ရိုက်ကူးထားခဲ့တာဖြစ်ပြီး ကနဦး ကျောင်းသားလေး ၃ ယောက်က ချစ်စဖွယ် စည်းချက်နဲ့ ကပြနေခဲ့တာကို တွေ့ရမှာပါ။

အဲဒီနောက်မှာတော့ ခမောက်တွေ ကိုယ်စီဆောင်းထားကြတဲ့ ကျောင်းသူကလေး တွေနဲ့အတူ ဆရာမလေးပါ ထွက်လာခဲ့ပြီး သီချင်းနဲ့ သံပြိုင်သီဆိုပြီး ကခုန်နေခဲ့ကြတာ ဟာ တကယ့်ကို ကြည်နူးစရာပါပဲ။

“ညိုပြာညက်​တို့ ဟန်​​ရေးကြွယ်​… သနပ်​ခါး​လေးနဲ့ လှပါတယ်​… ထဘီတိုတို​ ရေ​တွေစို​တော့​ တောပန်း​လေးတို့ ချစ်​စရာကွယ်​… ပိုးကြပါတယ်​… ရှိုးကြပါတယ်… ​တောက လုလင်​ ကိုရင်​​မောင်​တို့… ရည်းစားစကားနဲ့ ရင်​ခုန်​တယ်​… အပျိုလူပျိုရင်​​တွေဖိုတယ်… တောဓ​လေ့ကရိုးသားတယ်​… ​ကောက်​စိုက်​ချိန်​ဝယ်​… လယ်​ကွင်း​တွေဆီ လုပ်​ငန်းစရ တယ်​”

ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ကို ဘယ်အချိန်၊ ဘယ်နေရာမှာ ရိုက်ကူးထားတယ်ဆို တာကိုတော့ မသိရပဲ အွန်လိုင်းပေါ်မှာတော့ ပြန်လည်မျှဝေသူ၊ မှတ်ချက်ပေးသူတွေနဲ့ ချီးကျူးနေကြပြီး ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013