DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားသား ကျပျောက်သည့် ခရီးဆောင်အိတ်ကို ကောက်ရ ဒေသခံ ပြန်ပေး
DVB
·
March 9, 2019
နိုင်ငံခြားသား ကျပျောက်သည့် ခရီးဆောင်အိတ်ကို ကောက်ရ ဒေသခံ ပြန်ပေး
Donate to DVB

နိုင်​ငံခြားသားခရီးသွား နှစ်​ဦးဟာ ပြီးခဲ့တဲ့ မတ်​လ ၆ ရက်​​နေ့က မိမိတို့နဲ့အတူ သယ်​​ဆောင်​လာ​တဲ့ ခရီး​​ဆောင်​အိတ်​ဟာ လမ်းမ​ပေါ်မှာ​ ကျ​ပျောက်​ဆုံးခဲ့ရာ ​တွေ့ရှိသူ​ဒေသခံက ပြန်​လည်​​ပေးအပ်​ခဲ့တယ်​လို့ မြင်းခြံမြို့မ ရဲစခန်းက သိရပါတယ်​။

မန္တလေးတိုင်း​ဒေသကြီး မြင်းခြံမြို့နယ်​၊ မြင်းခြံကနေ ပုဂံ​ညောင်​ဦးသို့ သွားရာ ကားလမ်းမ​ပေါ်တွင်​ ကမ္ဘာလှည့်​ ခရီးသွားဖြစ်​တဲ့ နယ်​သာလန်​နိုင်​ငံသား Mr-Willen Griffioen နဲ့ အခြားသူတဦးတို့ဟာ ဆိုင်​ကယ်​ဖြင့်​ စီးနင်းလာခဲ့ရာ လမ်းမ​ပေါ်မှာ​ သယ်​​ဆောင်​လာ​တဲ့ ခရီး​ဆောင်​အိတ်​ ကျ​ပျောက်​ခဲ့တာ ဖြစ်​ပါတယ်​။

မြင်းခြံမြို့မ ရဲစခန်းမှ ဒုရဲအုပ်​ နိုင်​ဝင်းထွန်း ​ပြောတာက “ဒီ နိုင်​ငံခြားသား နှစ်​ဦးက မြင်းခြံက ဖြတ်​ပြီး ပုဂံ​ညောင်​ဦးကို သွားကြတာပါ။ သူတို့ပါလာတဲ့ ခရီး​ဆောင်​အိတ်​က လမ်းမှာ ကျ​ပျောက်​ခဲ့လို့ဆိုပြီး ကျ​နော်​တို့ စခန်းကို လာအ​ကြောင်းကြားတာပါ။ ကျ​နော်​တို့ကလည်း သူတို့ ကျ​ပျောက်​ခဲ့တဲ့ အသုံးအ​ဆောင်​ ပစ္စည်းစာရင်း​သေချာမှတ်​ထားပြီး၊ မြင်းခြံမှာဘာ​တွေဖြစ်​​နေလဲ ​ဖေ့စ်ဘွတ်ခ်​စာမျက်​နှာမှာ အချက်​အလက်​ပြည့်​စုံ​အောင်​​ရေးပြီး တင်​လိုက်​​တော့ ပစ္စည်းအိတ်​ ​ကောက်​ရသူက ဆက်​သွယ်​လာလို့ ပိုင်​ရှင်​ဖြစ်​တဲ့ နယ်​သာလန်​နိုင်​ငံခြာသားကို မတ်​လ ၈ ရက်​​နေ့က ပြန်​လည်​​ပေးအပ်​ ခဲ့တယ်​” လို့ ဒီဗွီဘီ ကို​ပြောပါတယ်​။

ခရီး​ဆောင်​အိတ်​ ​တွေ့ရှိသူမှာ မြင်းခြံခရိုင်​၊ ​တောင်​သာမြို့နယ်​၊ မင်းကြိုကျေးရွာက ကို​ကျော်​လင်းဖြိုးနဲ့ ညီမ ဝမ်းကွဲ​တော်​စပ်​သူ မထားထားနွယ်​တို့ နှစ်​ဦးဖြစ်​ကြပြီး၊ ​တွေ့ရှိစဉ်​ကတည်းက ပိုင်​ရှင်ဆီကို ပြန်​လည်​ဆက်​သွယ်​ပြီး ​ပေးအပ်​ဖို့ ကြိုးစားခဲ့ကြတယ်​လို့ ဆိုပါတယ်​။

ဖေ့စ်ဘွတ်ခ်​စာမျက်​နှာမှာ အ​ကြောင်းအရာပါလာတာမို့ မြင်းခြံမြို့မရဲစခန်းကို လူကိုယ်​တိုင်​ လာ​ရောက်​အပ်​နှံခဲ့တာလို့ သိရပါတယ်​။

ခရီး​ဆောင်​အိတ်​ထဲမှာ ခရီးသွား ပတ်​စပို့ တစ်​ခု၊ Drone တစ်​ခု၊ US dollor (200)Kyats ၊ Sony Camer တလုံးနဲ့ အညို​ရောင်​ပိုက်​ဆံအိတ်​တအိတ် တို့ပါတယ်လို့ သိရပါတယ်။

သတင်း-ရီရီထွန်း (မြင်းခြံ)

ဓာတ်​ပုံ-မြင်းခြုံမြို့မရဲစခန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013