DVB Logo
Home
မြန်မာသတင်း
ပုလောမြို့နယ်တွင် နိုင်ငံတကာအမျိုးသမီးများနေ့ ပထမဆုံး ကျင်းပ
DVB
·
March 8, 2019
ပုလောမြို့နယ်တွင် နိုင်ငံတကာအမျိုးသမီးများနေ့ ပထမဆုံး ကျင်းပ
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ်ထဲက မီးလောင်ချောင်းရွာမှာ နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားကို မတ်လ ၈ ရက်က ပထမဆုံးအကြိမ် ကျင်းပပါတယ်။

အမျိုးသမီးများနေ့ကို ကလျာဏမိတ္တ ပရဟိတဖောင်ဒေးရှင်းနဲ့ ပရဟိတအသင်းတွေ ပူးပေါင်းကျင်းပခဲ့ပြီး အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍတွေကို ကျေးလက်နေ အမျိုးသမီးတွေ ပိုမိုသိရှိစေဖို့ ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ပါတယ်။

ထားဝယ်ခရိုင် ကလျာဏမိတ္တ ပရဟိတဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးအောင်သူရလင်းက “ဒီပွဲက တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြု ကျင်းပတာပါ။ အမျိုးသမီးများနေ့ ဘာကြောင့်ပေါ်လာသလဲ၊ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာ သိစေချင်တယ်။ နောက်တခုက အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ဥပဒေတွေ၊ ဘယ်လိုကာကွယ်မှုတွေ လုပ်ဆောင်ပေးနေသလဲ၊ သူတို့ရဲ့အခွင့်အရေးတွေက ဘာလဲပေါ့။ ပြခန်းလေးတွေ လုပ်ပေးတယ်။ ဟောပြောပွဲတွေ လုပ်ပေးတယ်။ မြို့ပြတွေမှာ ဒီိလိုပွဲမျိုးတွေ လုပ်ပေးနေပေမယ့် ကျေးလက်မှာတော့ ဒီပွဲက ပထမဆုံးပါပဲ" လို့ ပြောပါတယ်။

ဒီအခမ်းအနားကို တိုင်းဒေသကြီးအတွင်းရှိ ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အမျိုးသမီးတွေ အများအပြား ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

မီးလောင်ချောင်းကျေးရွာမှာ ပရဟိလုပ်ဆောင်နေတဲ့ ဒေါ်ခင်သူဇာလှိုင်က “မြို့ပြကြီးတွေမှာလို ကျေးလက်က အမျိုးသမီးတွေက အသိပညာ မထွန်းကားသေးပါဘူး။ ကျမတို့အနေနဲ့ အသိပညာပေးတာတွေ၊ စာပေဟောပြောပွဲတွေ လုပ်ဆောင်နေပေမယ့် အနိုင်ကျင့်ခံရမှုတွေက ရှိနေဆဲပါ။ သူတို့ရဲ့အခန်းကဏ္ဍက ဘာလဲ။ ပညာရေး၊ ကျန်းမာရေး အသိပညာပေးတွေမှာ ဘယ်လိုလုပ်ဆောင်ပေးနေသလဲ သိဖို့လိုတယ်။ ဒီလိုအခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေ ပါဝင်လာရင် ပိုမိုပြီး ဆောင်ရွက်နိုင်မှာပါ” လို့ ပြောပါတယ်။

ဒီပွဲကို ပရဟိတအသင်းပေါင်း ၃၀ ကျော် တက်ရောက်လာပြီး အမျိုးသမီးများ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ဟောပြောဆွေးနွေးခဲ့ကြပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013