DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲ မသန်စွမ်း နှင့် ဆေးရုံတက် ဖြေဆိုသူ ၆၆ ဦးရှိ
DVB
·
March 8, 2019
တက္ကသိုလ်ဝင်စာမေးပွဲ မသန်စွမ်း နှင့် ဆေးရုံတက် ဖြေဆိုသူ ၆၆ ဦးရှိ
Donate to DVB

ရန်ကုန်တိုင်း စာစစ်ဌာနတွေမှာ တက္ကသိုလ်ဝင်စာမေးပွဲကို မသန်စွမ်းသူ ၄၉ ဦးနဲ့ မကျန်းမာလို့ ဆေးရုံတက်ရောက် ၁၇ ဦး ၀င်ရောက်ဖြေဆိုနေကြတယ်လို့ သိရပါတယ်။

အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုနေကြတဲ့ ကျောင်းသားတွေဟာ ဒီကနေ့ သချာင်္ဘာသာရပ်ကို ဖြေဆိုခဲ့ကြတာပါ။

ဒီနေ့မှာတော့ စာမေးပွဲဝင်ရောက်ဖြေဆိုနေတဲ့ မသန်စွမ်းသူတွေနဲ့ ဆေးရုံစာစစ်ဌာနတွေမှာ ဖြေဆိုနေတဲ့ ကျန်းမာရေးမကောင်းတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ရန်ကုန်တိုင်းပညာရေးမှူးက သွားရောက်အားပေးခဲ့ပါတယ်။

ရန်ကုန်တိုင်းက စာစစ်ဌာနတွေမှာတော့ အမြင်အာရုံမသန်စွမ်းသူ၊ အကြားအာရုံမသန်စွမ်းသူတွေနဲ့ ကိုယ်အဂါင်္မသန်စွမ်းသူတွေ ဒီနှစ်မှာ ဝင်ရောက်ဖြေဆိုနေသူ ၄၉ ဦးရှိပါတယ်။

ကျန်းမာရေးမကောင်းတဲ့ ကျောင်းသားတွေအတွက်ကိုတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကာပဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံနဲ့ မြောက်ဥက္ကလာဝေဘာဂီ ဆေးရုံတွေမှာ စာစစ်ဌာနတွေဖွင့်လှစ်ပေးထားပြီး ဆေးရုံတက်ရောက်ဖြေဆိုနေသူ ၁၇ ဦးရှိပါတယ်။

ဆေးရုံစာစစ်ဌာနတွေမှာ ဖြေဆိုနေတဲ့ ကျောင်းသားတွေကတော့ အဖျားရောဂါ၊ ထိခိုက်ဒဏ်ရာရရှိသူတွေ၊ ရင်ကျပ်ရောဂါနဲ့ အူတက်ရောင်ရမ်းပြီး ခွဲစိတ်ထားသူတွေဖြစ်ပါတယ်။

အခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ မတ် ၆ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကျင်းပသွားမှာပါ။

သတင်းဓာတ်ပုံ---ဆုဆုသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013