DVB Logo
Home
မြန်မာသတင်း
ရွှေကူမြို့တွင် အိမ်ရှင်ကိုသတ်၍ ရွှေငွေများယူဆောင်သွားသည့် တရားခံ ၂ ဦးကို ဖမ်းမိ
DVB
·
March 8, 2019
ရွှေကူမြို့တွင် အိမ်ရှင်ကိုသတ်၍ ရွှေငွေများယူဆောင်သွားသည့် တရားခံ ၂ ဦးကို ဖမ်းမိ
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့က အိမ်တအိမ်မှာ လာတည်းခိုတဲ့ ဧည့်သည် အမျိုးသား ၂ ဦးက အိမ်ရှင်အမျိုးသမီးကို သတ်ဖြတ်ပြီး ကျပ်သိန်း ၂၀၀ ကျော် တန်ဖိုးရှိ ရွှေငွေလက်ဝတ်လက်စားတွေ ယူဆောင်သွားခဲ့ပါတယ်။

လွတ်မြောက်နေတဲ့ တရားခံ ၂  ဦးထဲက တဦးဖြစ်တဲ့ ထွန်းနိုင်ဝင် ( ၂၇ နှစ် ) ကို ရှမ်းပြ ည်မြောက်ပိုင်း သီပေါမြို့နယ်  ပန်မိတ်ကျေးရွာအုပ်စု ပန်ညုကျေးရွာမှာ ပြီးခဲ့တဲ့ မတ်လ ၅ ရက် နေ့ခင်းပိုင်းက ဖမ်းဆီးရမိခဲ့ပြီး သူ့ရဲ့ထွက်ဆိုချက်ကြောင့် မရှေးမနှောင်းမှာဘဲ နောက်ထပ် တရားခံတဦးဖြစ်တဲ့ မင်းထက် (ခေါ်) ကိုဖြိုးကို ရွှေညောင်မှာ ဖမ်းမိတယ်လို့ သီပေါမြို့နယ်ရဲစခန်း တာဝန်ကျရဲအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ရွှေကူမှာ လူသတ်ပစ္စည်းယူပြီး ထွက်ပြေးနေတဲ့လူတယောက် ပန်ညုရွာမှာလာပြီး ပုန်းနေ တယ်လို့ အမာခံသတင်းပေးချက်အရ ကျနော်တို့လည်း သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အကြောင်းကြားပြီး ပြီးခဲ့တဲ့ ၅ ရက် နေ့လယ် ၁၂ နာရီလောက်က သွားဖမ်းကြတယ်။ ရွာစာ သင်ကျောင်းရှေ့က အိမ်တလုံးမှာတည်းနေတာ သူက ထွန်းနိုင်ဝင်း အသက် ၂၇ နှစ် ၊ သူ့ကား ကိုလည်းဖမ်းလိုက်တယ်။ အဲဒီကားက လူသတ်ပြီးရလာတဲ့ ရွှေတွေရောင်းပြီး ၀ယ်ထားတာ သူလည်း အသာတကြည်အဖမ်းခံတယ်။”

သီပေါရဲတပ်ဖွဲ့က ထွန်းနိုင်ဝင်းကို စစ်ဆေးချက်အရ သူနဲ့ အလိုတူအလိုပါ တရားခံတ ဦးဖြစ်တဲ့ မင်းထက် ( ခ ) ကိုဖြိုး ( ခ ) စိုင်းကို ( ခ ) ဇာတ်မင်းသားကိုလည်း ရွှေညောင်ရဲတပ်ဖွဲ့ရဲ့ အကူအညီနဲ့ ရွှေညောင်မြို့နယ် ရွှေဘုံသာရပ်ကွက် နယ်မြေ ၂ ခတ္တာလမ်းရှိ အိမ်တအိမ်မှာ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။

သူတို့ယူဆောင်လာခဲ့တဲ့ လက်ဝတ်လက်စားတွေထဲမှာ ရွှေဆွဲကြိုး ၁ ကုံး ၊ ရွှေလက်ကောက် ၂၀ ကွင်း ၊ ရွှေဟန်းချိန်း ၁ ကွင်း ၊ ရွှေလက်စွပ် ၃ ကွင်း ၊ ရွှေခြေကျင်း ၁ ကွင်း နဲ့ လက်ကိုင်ဖုံး ၃ လုံးပါရှိပြီး ခန့်မှန်းခြေတန်ဘိုး စုစုပေါင်း ကျပ်သိန်း ၂၀၀ လောက်ရှိပါတယ်။

အဆိုပါပစ္စည်းတွေထဲက ရွှေဆွဲကြိုးကို သီပေါမှာ ရောင်းချခဲ့ပြီး ဆွဲသီးနဲ့ လက်စွပ်ကို မိုင်း ကိုင်၊ ရွှေလက်ကောက် ၂၀ ကွင်းကို တောင်ကြီးမြို့နဲ့ အခြားရွှေထည်တချို့ကိုတော့ နမ္မတူမှာ ရောင်းချပြီး ကားဝယ်ခဲ့တယ်လို့ သီပေါရဲတပ်ဖွဲ့က ပြောပါတယ်။

စစ်ကိုင်းမြို့နယ် ဇီးချောင်းရွာသား ထွန်းနိုင်ဝင်းနဲ့ မန္တလေးတိုင်း မြစ်ငယ်မြို့ ပြင်ကြီးရပ်ကွက်နေ မင်းထက် (ခ) ကိုဖြိုးတို့ နှစ်ဦးဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၀ ရက်က ရွှေကူမြို့ အမှတ် ၃ ရပ်ကွက်ရှိ ဒေါ်အိအိခိုင် ( ၄၃ နှစ် ) ရဲ့နေအိမ်မှာ လာရောက်တည်းခိုပြီး  အိမ်ရှင် အမျိုးသမီးကို ခေါင်းအုံးနဲ့ဖိသတ်က ရွှထည်တွေယူဆောင်သွားခဲ့တာပါ ။

ဒေါ်အိအိခိုင် အိပ်ယာထဲမှာ သတိမေ့လဲကျနေတာကို သားသမီးတွေက တွေ့ရှိပြီး ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် ဆေးရုံမှာ သေဆုံးသွားခဲ့ရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားခံတွေကို လူသတ်လုယက်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄နဲ့ အမှုဖွင့်တရားစွဲ အရေးယူသွားဖို့ ရဲတပ်ဖွဲ့က စီစဉ်နေပြီး တရားခံတွေ ရောင်းချထားတဲ့ ရွှေတွေနဲ့ အခြားပစ္စည်းတွေကိုလည်းရဲတပ်ဖွဲ့က လိုက်လံသိမ်းဆည်းနေပါတယ်။

 

ကိုးကား - ရဲဇာနည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013