DVB Logo
Home
မြန်မာသတင်း
ကချင်၊ ရှမ်းနှင့် ရခိုင်တွင် စစ်ဘေးရှောင်အမျိုးသမီး ၁၂ဝ,ဝဝဝ ခန့်ရှိဟု ကုလထုတ်ပြန်
DVB
·
March 8, 2019
ကချင်၊ ရှမ်းနှင့် ရခိုင်တွင် စစ်ဘေးရှောင်အမျိုးသမီး ၁၂ဝ,ဝဝဝ ခန့်ရှိဟု ကုလထုတ်ပြန်
Donate to DVB

ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်မှာ စစ်ဘေးဒုက္ခသည် အမျိုးသမီးနဲ့ မိန်းကလေးငယ် ခန့်မှန်းဦးရေ ၁၂ဝ,ဝဝဝ လောက် ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီအရေအတွက်ဟာ ပြည်နယ်သုံးခုမှာရှိတဲ့ စုစုပေါင်း နေရပ်စွန့်ခွာ တိမ်းရှောင်သူ လူဦးရေ ၂၃ဝ,ဝဝဝ လောက်ရဲ့ ၅၁ ရာခိုင်နှုန်းကို ကိုယ်စားပြုပါတယ်။

ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကချင်နဲ့ ရှမ်းမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ် ၅၅,ဝဝဝ လောက်ဟာ ၂ဝ၁၁ ခုနှစ်ကတည်းက နေရပ်စွန့်ခွာနေကြရတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ရခိုင်မှာတော့ ၂ဝ၁၂ ခုနှစ်ကတည်းက သွားလာခွင့် ကန့်သတ်ခံရတဲ့အခြေအနေနဲ့ စခန်းတွေထဲမှာနေရတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ် ၆၅,ဝဝဝ လောက် ရှိတယ်လို့လည်း ကုလထုတ်ပြန်ချက်က ဆိုပါတယ်။

လူတွေပြွတ်သိပ်ကြပ်ညပ်နေတဲ့ စခန်းတွေထဲက အခန်းကျဉ်းကျဉ်းတွေထဲမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ ကိုယ်ပိုင်၊ သီးသီးသန့်သန့်ဖြစ်မှု၊ လုံခြုံမှု မရှိဘဲ နေထိုင်နေကြရတယ်။ ဒါ့အပြင် သူတို့ဟာ ပညာရေး၊ ကာကွယ်စောင့်ရှောက်မှု၊ ကျန်းမာရေးနဲ့ အသက်မွေးဝမ်းကျောင်းမှု အပါအဝင် အရေးကြီးတဲ့ ဝန်ဆောင်မှုတွေကို လက်လှမ်းမီ ရရှိမှုကလည်း အကန့်အသတ်အများကြီးရှိနေတယ်လို့ ကုလကြေညာချက်မှာ ဖော်ပြပါတယ်။

သဘဝဘေးအန္တရာယ်တွေ၊ ပဋိပက္ခတွေက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ ထိခိုက်လွယ်မှုအခြေအနေကို ပိုမိုဆိုးဝါးစေပြီးတော့ သူတို့ဟာ အကြမ်းဖက်ခံရသူတွေ၊ ကျား၊မ တန်းတူညီမျှမှု မရှိခြင်းရဲ့ ဆိုးကျိုးတွေကို ခံစားရသူတွေဖြစ်လာနိုင်တယ်လို့ UNOCH )က ထောက်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013