DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းတွင် ယာဉ်မတော်တဆမှုကြောင့် ၃ လအတွင်း လူ ၂၅ ဦးသေဆုံး
DVB
·
March 8, 2019
အမြန်လမ်းတွင် ယာဉ်မတော်တဆမှုကြောင့် ၃ လအတွင်း လူ ၂၅ ဦးသေဆုံး
Donate to DVB

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ အခုနှစ် ဇန်နဝါရီကနေ မတ်လပထမပတ် အတွင်း ယာဉ်မတော်တဆမှု ၉၂ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၅ ဦးအထိ ရှိခဲ့တယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

အမြန်လမ်းမကြီးပေါ်မှာဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှုတွေထဲမှာ အရှိန်ပြင်းစွာ မောင်းနှင်တာကြောင့်  ဖြစ်ပွားတဲ့ အကြိမ်ရေ ပိုများတယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်က ယာဉ်မတော်တဆမှုတွေကို ပြန်ကြည့်ရင် အရှိန်များလို့ ဖြစ်တာကများတယ်။ ကျနော်တို့ဘက်ကလည်း ပညာပေးမှုတွေ လုပ်ပေးနေသလို ယာဉ်မောင်းတွေဘက်ကလည်း ယာဉ်ရဲ့ကြံ့ခိုင်မှုကို ယာဉ်မထွက်ခင်နဲ့ ခရီးတထောက်နားတဲ့အချိန်တွေမှာပါ စစ်ဆေးစေချင်တယ်။ မောင်းတဲ့အခါမှာလည်း သတ်မှတ်မိုင်းနှုန်းထက် ပိုမမောင်းဖို့ လိုအပ်ပါတယ်။"

၂၀၁၈ ဇန်နဝါရီကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ယာဉ်မတော်တဆမှု ၄၇၄ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၀၃ ဦး၊ ဒဏ်ရာရရှိသူ ၈၈၄ ဦးရှိခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် အောက်တိုဘာအတွင်း သေဆုံးသူ အများဆုံးဖြစ်ပြီး ၂၈ ဦးအထိ  ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ၂၀၁၆ ခုနှစ်က ယာဉ်မတော်တဆမူ ၇၄၄ မှု၊ လူ အယောက် ၁၇၀ သေဆုံးခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ၅၅၅ မှု ဖြစ်ပွားခဲ့ပြီး ၁၁၆ ဦးသေဆုံးခဲ့ပါတယ်။

သတင်း- ကျော်အောင်(ကညွတ်ကွင်း)

ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013