DVB Logo
Home
မြန်မာသတင်း
မုံရွာတက္ကသိုလ် နိုင်ငံတော်အတိုင်ပင်ခံမိန့်ခွန်းကောက်နုတ်ချက်နှင့်အမေးအဖြေ (ရုပ်သံ)
DVB
·
March 8, 2019
မုံရွာတက္ကသိုလ် နိုင်ငံတော်အတိုင်ပင်ခံမိန့်ခွန်းကောက်နုတ်ချက်နှင့်အမေးအဖြေ (ရုပ်သံ)
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က မတ်လ ၇ ရက်က မုံရွာတက္ကသိုလ်ကို သွားရောက်ပြီး တက္ကသိုလ်ကျောင်းသားကျောင်းသူတွေနဲ့ တွေ့ဆုံမိန်းခွန်းပြောကြားခဲ့သလို မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

အများအကျိုးအတွက်ပညာရှာပါ (မိန်းခွန်းကောက်နုတ်ချက်)

“ပညာရှာတယ်ဆိုတာ ဘာအတွက်လဲ။ ကိုယ့်ကိုယ်ကိုယ်အကျိုးပြုဖို့နဲ့ သူများကို အကျိုးပြုဖို့။ ပထမကတော့ ကိုယ့်ဘဝကိုယ်ရပ်တည်နိုင်မှ။ ကိုယ့်ဘဝကိုယ်ရပ်တည်နိုင်မှ တခြားသူတွေကိုလည်း အကျိုးပြုနိုင်မှာ။ အဲဒီတော့ ကိုယ့်ဘဝမှာ ကိုယ်ရပ်တည်တဲ့နည်းက အများကို အကျိုးပြုတဲ့ နည်းဖြစ်ရမယ်။ ကိုယ်တယောက်တည်းအတွက် မဖြစ်ရဘူး။ အခုဆိုလို့ရှိရင် ယောက်ျားလေးတွေက အဆင့်မြင့်ပညာသင်တာ နည်းနည်းလာတယ်။ အဲဒါဘာကြောင့်မို့လည်း ဘွဲ့ရပြီးရင် အလုပ်မရလို့ဆိုရင်ကောင်းပြီ။ ဘွဲ့ရပြီးရင် အလုပ်ရအောင်လုပ်ပေးမယ်ဆိုရင် ပိုစာကြိုးစားမလား။ နောက်တခုက ဘွဲ့ရပြီးတော့ အလုပ်ရတဲ့အခါကျရင် နိုင်ငံ့အကျိုးအတွက် ဘာလုပ်ပေးကြမလဲ။ ဘွဲ့ရပြီးရင် အလုပ်ရအောင် အမေတို့ဘက်က ကြိုးစားပေးမယ်။ တခုတော့ရှိတယ်၊ ဝန်ထမ်းလောကထဲတော့ ဝင်စေချင်တယ်။ တချို့ကပြောကြတယ်၊ ဝန်ထမ်းမလုပ်ချင်ဘူး၊ ဝန်ထမ်းကမကောင်းဘူး၊ အခုဝန်ထမ်းတွေမကောင်းရင် ကိုယ့်လက်ထက်ကျရင် ကောင်းအောင်လုပ်ရမှာပေါ့။ ရဲတွေမှာလည်း အင်အားပိုလိုတယ်။ ရဲထဲဝင်ဖို့လည်း စဉ်းစားကြဦး။ မိန်းကလေးတွေလည်း ဝင်လို့ရတယ် ရဲထဲကို။ ပြီးတော့ အမေတို့ နိုင်ငံခြားရေးဝန်ကြီးရုံးကိုလည်း ဝင်စေချင်တယ်။ နိုင်ငံခြားရေးဝန်ကြီးရုံးဆိုတာ အမေတို့ အမြဲပြောတယ်။ သံတမန်ရေးရာဆိုတာ နိုင်ငံတနိုင်ငံရဲ့ ပထမဆုံးစစ်မျက်နှာပဲ။ နိုင်ငံတနိုင်ငံကို ကာကွယ်တဲ့အခါကျရင် ပထမဆုံးဦးဆုံး ရှေ့တန်းက သံတမန်တွေဖြစ်တယ်။ အဲဒီတော့ နိုင်ငံခြားရေးဝန်ကြီးရုံးမှာ အလုပ်လုပ်ဖို့ စဉ်းစားကြပါ။ ကိုယ့်ရဲ့နိုင်ငံကို ကာကွယ်တာ။ ကိုယ့်ရဲ့ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်တာဖြစ်တယ်။”

ဆရာ/ဆရာမတွေ၊ ကျောင်းသား/ကျောင်းသူတွေရဲ့ မေးမြန်းချက်တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ပါတယ်။

အမေစု ဆရာမဖြစ်ချင်တယ်ရှင့်။

“ဆရာမဖြစ်ချင်တာကောင်းတယ်။ ဒါပေမယ့် ကျောင်းဆရာတွေနည်းနေတယ်။ ယောက်ျားလေးတွေ ဘာလို့လဲ။ ကျောင်းဆရာလုပ်စေချင်တယ်။ ယောက်ျားလေးတွေ ကျောင်းဆရာများများရှိမှ နောင်အငယ်လေးတွေကပေါ့နော်။”

အင်ဂျင်နီယာတွေ အနှိမ်ခံနေရတယ်။

“အင်ဂျင်နီယာတွေ အနှိမ်ခံနေရတာ တံတားကောင်းကောင်းမဆောက်လို့ဖြစ်မှာပေါ့။ တံတားမှာ ဘိလပ်မြေခိုးနေရင် အင်ဂျင်နီယာတွေ အနှိမ်ခံရမှာပေါ့။ စာကြိုးစားပါ။ ကိုယ်ရတဲ့ ပညာတွေကို အများအတွက်လည်း သုံးပါ။ ကိုယ့်အတွက်လည်း သုံးပါ။ နောက်ပြီးတော့ ဝန်ထမ်းလောကထဲဝင်ဖို့ စဉ်းစားပါ။”

စာသင်ခုံတွေမလောက်ဘဲနဲ့ စာသင်နေရတယ် အမေစု။

“သစ်ပင်အောက်မှာ စာသင်ရင် ပိုပြီးတော့ ပျော်စရာမကောင်းဘူးလား။ စာသင်ခန်းတွေ ပိုပြီးတော့ လုံလောက်ရေးလည်း လုပ်ပေးပါမယ်။ တဆင့်စီလုပ်ရမှာပေါ့နော်။ နေ့ချင်းညချင်းတော့ လုပ်လို့မရဘူး။ ဒါပေမယ့် တဆင့်ချင်း တဆင့်ချင်းလုပ်ပေးနိုင်အောင် အားလုံးဝိုင်းကူရမယ်။ နိုင်ငံတနိုင်ငံတိုးတက်မှ ချမ်းသာမှ ပိုပြီးတော့ ပညာရေးအတွက် ပိုက်ဆံသုံးနိုင်မှာ။ မှတ်ထားနော် အလုပ်ရအောင် လုပ်ပေးမယ်ဆိုရင် ပိုပြီးတော့ တက္ကသိုလ်ပညာသင်မယ်လို့ ပြောထားကြတယ်။ မိန်းကလေးတွေကြားတယ်နော် ယောက်ျားလေးတွေ ဒီတိုင်းပြောသွားတယ်။ စကားတခွန်းဆိုတာ ယောက်ျားပီသတယ်ဆိုရင် စကားတခွန်းဆိုတာ ကတိတည်ရမယ်။ သမီးတို့ သားတို့ အားလုံး ကျန်းမာချမ်းသာပါစေ။ ပညာတွေအများကြီးတတ်ပြီးတော့ ကောင်းကျိုးလိုရာဆန္ဒအဝဝနဲ့ ပြည့်စုံကြပါစေ။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီနေ့မနက်ပိုင်းမှာလည်း မုံရွာမြို့တော်ခန်းမမှာ ပြည်သူလူထုနဲ့တွေ့ဆုံမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013