DVB Logo
Home
မြန်မာသတင်း
ရက်ပိုင်းအတွင်း ကြည့်ရှုသူ ၆ သိန်းကျော်ရှိသည့် မနော၏ သင်္ကြန်သီချင်းသစ်(ရုပ်သံ)
DVB
·
March 8, 2019
ရက်ပိုင်းအတွင်း ကြည့်ရှုသူ ၆ သိန်းကျော်ရှိသည့် မနော၏ သင်္ကြန်သီချင်းသစ်(ရုပ်သံ)
Donate to DVB

“ဆံထုံးကေသာ ဆံနွယ်ကြော့မှာ… ပိတောက်ပန်းကို ပန်လို့ထားတာ… ရင်ဖုံးအ ကျီင်္မှာ ဇာကွက်ဆန်းအ၀ါ… ဆင်မြန်းထားတာ… မြင်ရသူကို ငေးမောလောက်စရာ… ဒီ သင်္ကြန်မှာ အလှတွေ ဝေေ၀ဆာဆာ… မြန်မာတို့ရဲ့ ရိုးရာပွဲမှာ… မြန်မာအလှနဲ့ အက,က လိုက်ဖက်စွာ”
ဒါကတော့ လတ်တလောထွက်ရှိလာတဲ့ တေးသံရှင် မနောရဲ့ သင်္ကြန်သီချင်းသစ် တပုဒ်ထဲက စာသားတွေ ဖြစ်ပါတယ်။
မကြာခင်မှာ ကျရောက်တော့မယ့် မြန်မာ့ရိုးရာသင်္ကြန်ပွဲအမီထွက်ရှိလာတဲ့ ဒီသီ ချင်းကိုတော့ မနောက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတ ဆင့် မျှဝေထားခဲ့ပြီး ခုလိုရေးသားထားခဲ့တာကို တွေ့ရပါတယ်။
“တင်ပြီနော် သင်္ကြန်သီချင်းအသစ်လေး အားပေးဦးဗျို့ ချစ်တုန်းတို့ သာယာချမ်း မြေ့ပါစေဗျားးး😍😍 🏆🏆 မောင်မနော 🏆”
ဒီသီချင်းထဲမှာတော့ မနောရဲ့ သီဆိုမှုနဲ့အတူ ရွှေဝါရောင် သင်္ကြန်အလှမယ်လေး တွေရဲ့ အကအလှတွေကိုပါ ရိုက်ကူးပုံဖော်ပေးထားခဲ့တာကို တွေ့ရမှာဖြစ်ပြီး သင်္ကြန်သီ ချင်းတွေရဲ့ ထုံးစံအတိုင်း မြူးကြွတဲ့ သံစဉ်တွေနဲ့ ပရိသတ်တွေက ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
“မြန်မာ့ရိုးရာ ဆင်ယင်ထုံးဖွဲ့ သင်္ကြန်မယ်လေးများ အလှပြိုင်လို့ရယ်… ညင်သာ စွာ ပေါင်းစုလို့ ကနေဟန်ရယ်… နူးညံ့လွန်းတယ်… သိမ်မွေ့လွန်းတယ်… ပျော့ပျောင်း ဖော့ဖယောင်းလို… နတ်ဘုံနတ်နန်း ထင်မှားလောက်စရာကွယ်”
သင်္ကြန်မယ် လှသူဇာလို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေးဆရာ သ ဟာအောင်က ရေးစပ်ပေးထားခဲ့တာဖြစ်ပါတယ်။
မနောရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ မိချောသီချင်းဟာလည်း ပြီးခဲ့တဲ့ နှစ်တွေတုန်းက တ ကယ့်ကို ရေပန်းစားခဲ့တဲ့ သီချင်းတပုဒ်ဖြစ်တာမို့ ခုထွက်ရှိလာတဲ့ သီချင်းကရော ဘယ် လောက်အထိ ပရိသတ်တွေ လက်ခံအားပေးကြမလဲဆိုတာကိုတော့ စောင့်ကြည့်ကြရ မှာပဲ ဖြစ်ပါတယ်။
“အတာရေ ပက်ဖြန်း… လန်းဆန်းလို့ရယ်… အပြုံးကိုယ်စီနဲ့ ကဟန်က ချစ်စရာ ကွယ်… အတာရေ ပက်ဖြန်း လန်းဆန်းလို့ရယ်… အပြုံးကိုယ်စီနဲ့ ကဟန်က ချစ်စရာ ကွယ်… သင်္ကြန်မယ် အလှသူဇာရယ်… ရင်ခုန်မိပါတယ်… နောင်လည်းတွေ့ချင်တယ်… နောင်နှစ်ခါလည်း ဆုံချင်သေးတယ်”
လတ်တလောမှာတော့ ဒီသီချင်းဟာ အွန်လိုင်းပေါ်မှာ ရေပန်းစားနေပြီး လက်ရှိအ ချိန်ထိ ဒီသီချင်းကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရက်ပိုင်းအတွင်း ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၆ သိန်း ကျော်ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013