DVB Logo
Home
မြန်မာသတင်း
ဘွဲ့ရသည့်အခါ နိုင်ငံ့ဝန်ထမ်းလုပ်ကြရန် အတိုင်ပင်ခံပုဂ္ဂိုလ်တိုက်တွန်း
DVB
·
March 8, 2019
ဘွဲ့ရသည့်အခါ နိုင်ငံ့ဝန်ထမ်းလုပ်ကြရန် အတိုင်ပင်ခံပုဂ္ဂိုလ်တိုက်တွန်း
1 / 6
Donate to DVB

ဘွဲ့ရပြီးတဲ့အခါ နိုင်ငံ့ဝန်ထမ်းလုပ်ကြဖို့ မုံရွာတက္ကသိုလ်မှာ ကျောင်းသားကျောင်းသူတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

မုံရွာမြို့ကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကို ဘွဲ့ရပြီးရင် အစိုးရဌာနဆိုင်ရာတွေမှာ အလုပ်ရအောင် လုပ်ပေးမယ်၊ ကျောင်းဆရာတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအဖြစ် လုပ်ကြဖို့ တိုက်တွန်းပြောဆိုခဲ့တာပါ။

“ဘွဲ့ရပြီးရင် အလုပ်ရအောင် အမေတို့ဘက်က ကြိုးစားပေးမယ်။ တခုတော့ရှိတယ်။ ဝန်ထမ်းလောကထဲတော့ ဝင်စေချင်တယ်။ တချို့ကပြောကြတယ်။ ဝန်ထမ်းမလုပ်ချင်ဘူး။ ဝန်ထမ်းကမကောင်းဘူး။ အခုဝန်ထမ်းတွေမကောင်းရင် ကိုယ့်လက်ထက်ကျရင် ကောင်းအောင် လုပ်ရမှာပေါ့။ ရဲတွေမှာလည်း အင်အားပိုလိုတယ်။ ရဲထဲဝင်ဖို့လည်း စဉ်းစားကြဦး။ မိန်းကလေးတွေလည်း ဝင်လို့ရတယ် ရဲထဲကို။ ပြီးတော့ အမေတို့ နိုင်ငံခြားရေးဝန်ကြီးရုံးကိုလည်း ဝင်စေချင်တယ်။ နိုင်ငံခြားရေးဝန်ကြီးရုံးဆိုတာ အမေတို့ အမြဲပြောတယ်။ သံတမန်ရေးရာဆိုတာ နိုင်ငံတနိုင်ငံရဲ့ ပထမဆုံးစစ်မျက်နှာပဲ။ နိုင်ငံတနိုင်ငံကို ကာကွယ်တဲ့အခါကျရင် ပထမဆုံး ဦးဆုံးရှေ့တန်းက သံတမန်တွေဖြစ်တယ်။ အဲဒီတော့ နိုင်ငံခြားရေးဝန်ကြီးရုံးမှာ အလုပ်လုပ်ဖို့ စဉ်းစားကြပါ။ ကိုယ့်ရဲ့နိုင်ငံကို ကာကွယ်တာ။ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်တာဖြစ်တယ်။”လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မုံရွာတက္ကသိုလ်ကို သွားရောက်ကာ ချင်းတိုင်းရင်းသားရေးရာ စာပေနှင့်ယဉ်ကျေးမှုကော်မတီ တက္ကသိုလ်များ (မုံရွာ) ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သလို တက္ကသိုလ်အတွင်းရှိ သိပ္ပံသုတေသနအဆောင် ဓာတ်ခွဲခန်းတွေကို ကြည့်ရှုလေ့လာခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပြည်ထောင်စုဝန်ကြီးတချို့ဟာ  မတ်လ ၅ ရက်နေ့ကတည်းက စစ်ကိုင်းတိုင်းဒေသကြီး ခရီးစဉ် စတင်လှည်လည်နေတာပါ။

ခန္တီး၊ ဟုမ္မလင်း၊ လဟယ်၊ ထမံသီ စတဲ့ဒေသတွေကို သွားရောက်ခဲ့ပြီး မူလစီစဉ်ထားတဲ့ လေရှီး၊ တမူးခရီးစဉ်တွေကိုတော့ ရာသီဥတုကြောင့် ဖျက်သိမ်းခဲ့ရပါတယ်။ လက်ရှိမှာ မုံရွာမြို့ကို ရောက်ရှိနေပြီး ဒီကနေ့ မုံရွာမြို့တော်ခန်းမမှာ ပြည်သူလူထုနဲ့ တွေ့ဆုံဦးမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013