DVB Logo
Home
မြန်မာသတင်း
ဒဂုံဆိပ်ကမ်း နှစ်လောင်းပြိုင်လူသတ်မှု ကျူးလွန်သူကို ဖမ်းမိ
DVB
·
March 7, 2019
ဒဂုံဆိပ်ကမ်း နှစ်လောင်းပြိုင်လူသတ်မှု ကျူးလွန်သူကို ဖမ်းမိ
Donate to DVB

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ် မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်လောင်းပြိုင်လူသတ်မှု ကျူးလွန်သူကို ၂၄ နာရီအတွင်း မြိတ်မြို့နယ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၆ ရက် ညနေက ယုဇနဥယျာဉ် မြို့တော်၊ အေ ၉ လမ်း တိုက် (၅/၂၀၄) ရှိ ဧည့်ခန်းအတွင်းမှာ မွေ့ရာဆိုင် အရောင်းဝန်ထမ်း ဟိန်းမင်းအောင် (၂၇) နှစ်နဲ့  မမြင့်မြင့်ဝင်း (၂၃)နှစ်တို့ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့အတွက် ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းမှူးက တရားလိုပြုလုပ်ကာ ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂နဲ့ အမှုဖွင့်ခဲ့တာပါ။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ဝင်တွေဟာ မွန်ပြည်နယ်ရဲတပ်ဖွဲ့၊ တနင်္သာရီတိုင်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ ချိတ်ဆက်ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ဒီနေ့ နေ့လယ် ၁၂ နာရီကျော် က ပြစ်မှုကျူးလွန်သူ ထက်ရှိုင်း (၂၂)နှစ်ကို မြိတ်မြို့နယ်၊ ဒညက်ကျေးရွာအုပ်စု၊ စနေထောင့်ကျေးရွာမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013