DVB Logo
Home
မြန်မာသတင်း
ရွှေကုက္ကို အိမ်ရာစီမံကိန်းအတွက် မြေ ၂၂ ဧကသာ တည်ဆောက်ခွင့်ပြု
DVB
·
March 7, 2019
ရွှေကုက္ကို အိမ်ရာစီမံကိန်းအတွက် မြေ ၂၂ ဧကသာ တည်ဆောက်ခွင့်ပြု
Donate to DVB

ကရင်ပြည်နယ်မှာ နယ်ခြားစောင့်တပ်ဖွဲ့က ဗိုလ်စောချစ်သူ တည်ဆောက်နေတဲ့ ရွှေကုက္ကို အိမ်ရာစီမံကိန်းအတွက် ဒေါ်လာ ၂၂ သန်းနဲ့ မြေ ၂၂ ဧကပဲ ခွင့်ပြုပေးထားတယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ညွှန်ကြားရေးမှူး ဒေါ်မြစန္ဒာက ပြောပါတယ်။

ဒါပေမယ့်လည်း တရုတ်နဲ့ ဖက်စပ်တည်ဆောက်နေတဲ့ အဲဒီစီမံကိန်းဟာ မြေဧက ၂၀၀၀ ကျော်ပေါ်မှာ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၁၅၀၀ လောက်ရှိတယ်လို့ AsiaTime ၀ဘ်ဆိုက်မှာ ဖော်ပြတဲ့ ၀ါရင့်သတင်းစာဆရာ ဘာတေးလစ်တနာရဲ့ ဆောင်းပါးမှာ ရေးသားထားပါတယ်။

ဒါ့အပြင် အဲဒီစီမံကိန်းကို ၂၀၁၈ ခုနှစ်ကျမှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့တာဖြစ်ပေမယ့် လက်ရှိတည်ဆောက်ထားတဲ့ လုပ်ငန်းခွင်ဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုတည်းက ပန္နက်တင်ကာ စတင်တည်ဆောက်တာ ဖြစ်တယ်လို့ ဆောင်းပါးရှင်က ရေးသားထားပါတယ်။

ဒီစီမံကိန်းကို ကရင်ပြည်နယ်ဝန်ကြီးချုပ်က ကန့်ကွက်ရန်မရှိဆိုပြီး ကော်မရှင်ကို တင်ပြလာတာကြောင့် ကော်မရှင်က ခွင့်ပြုခဲ့တာလို့ ညွှန်ကြားရေးမှူး ဒေါ်မြစန္ဒာက ဆိုပါတယ်။

အမှန်တကယ် ခွင့်ပြုထားတာက အိမ်ရာ ၅၉ လုံးပဲရှိတာဖြစ်ပေမယ့် အောက်ခြေမှာ တည်ဆောက်တာတွေဟာ ကာစီနိုရုံတွေ ဈေးဝယ်စင်တာတွေနဲ့ တခြားအဆောက်အအုံတွေ ပါဝင်တာကြောင့် မြို့ငယ်လေးတခု ပုံစံမျိုး ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။  

တရုတ်လုပ်သားတွေ တရုတ်စာတန်းတွေပါတဲ့ လုံခြုံရေးတွေနဲ့ ကာစီနိုရုံတွေပါ တည်ဆောက်ထားတယ်ဆိုပေမယ့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကနေ  သာမန်အိမ်ရာစီမံကိန်းတခုအဖြစ်ပဲ ခွင့်ပြုထားခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013