DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်တန်းစာမေးပွဲ မွန်အမျိုးသားကျောင်းများမှ ၁၀၀ ကျော် ဖြေဆို
DVB
·
March 7, 2019
တက္ကသိုလ်ဝင်တန်းစာမေးပွဲ မွန်အမျိုးသားကျောင်းများမှ ၁၀၀ ကျော် ဖြေဆို
Donate to DVB

မွန်အမျိုးသားကျောင်း (MNEC) အထက်တန်းကျောင်း (၃) ကျောင်းမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသူ၊ ကျောင်းသား ၁၀၀ ကျော် ၀င်ရောက်ဖြေဆိုနေတယ်လို့ မွန်အမျိုးသားကျောင်းတာဝန်ရှိတွေက ပြောပါတယ်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်က ၀င်္ကပါကျောင်းမှ ကျောင်းသူ၊ ကျောင်းသား ၃၀၊ မွန်ပြည်နယ် ရေးမြို့နယ် ညီစားကျောင်းမှ ၃၀ နဲ့ အံဒင်ကျောင်းမှ ၅၄ ဦး စုစုပေါင်း ကျောင်းသုံးကျောင်းမှ ကျောင်းသူ၊ ကျောင်းသား ၁၁၄ ဦး ၀င်ရောက်ဖြေဆိုတယ်လို့ မွန်အမျိုးသားကျောင်းတာဝန်ခံ ဦးမင်းအောင်ဇေက ပြောပါတယ်။

“တောကျောင်းတွေကတော့ သိတဲ့အတိုင်းပဲ သင်ကြားရေးမှာတော့ နည်းနည်းအခက်ခဲရှိတယ်။ စာမေးပွဲဖြေဖို့ကတော့ သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရဲ့ ထောက်ခံချက်နဲ့ ဖြေလို့ရတဲ့အတွက် အခက်ခဲမရှိဘူး” လို့ ပြောပါတယ်။

မွန်အမျိုးသားကျောင်းတွေမှာ ကျောင်းသုံးပရိဘောဂတွေ မလုံလောက်တာ၊ ဆရာ၊ ဆရာမတွေရဲ့ လစာအခက်ခဲတွေ၊ သောက်သုံးရေနဲ့ ယင်လုံအိမ်သာတွေ လုံလောက်မှု မရှိတာတွေကြောင့် ဘတ်ဂျက်တောင်းခံခဲ့တာဖြစ်ပြီး လက်ရှိမှာ ရပ်ရွာအခြေပြု ဆောင်ရွက်နေရတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးနဲ့ငွေကြေးအခက်ခဲတွေ ရှိနေတယ်လို့ ဦးမင်းအောင်ဇေက ပြောပါတယ်။

“အစိုးရက လူတိုင်းအကျုံးဝင်ပညာရေးကို အကောင်အထည်ဖော်နေတဲ့အတွက် တိုင်းရင်းသား စာသင်ကျောင်းတွေကို လက်ခံအသိမှတ်ပြုပေးမှ လူတိုင်းအကျုံးဝင်ပညာရေးဖြစ်မယ်။ ဒါကိုလည်း ကျနော်တို့အစိုးကို တိုက်တွန်းနေတယ်။ တိုင်းရင်းသားစာပေတွေ၊ ဘာသာစကားတွေ၊ မိခင်ဘာသာစကားတွေကို လက်မခံဘူးဆိုရင် လူတိုင်းအကျုံးဝင် ပညာရေးကို အကောင်ထည်ဖော်နေတယ် ပြောလို့မရဘူး။”

မွန်ပြည်နယ်မှာ မွန်အမျိုးသားကျောင်းပေါင်း ၉၀ ကျော်ရှိပြီး ကရင်ပြည်နယ်မှာ ၂၄ ကျောင်း၊ တနင်္သာရီတိုင်းဒေသကြီးမှာ ၁၆ ကျောင်း စုစုပေါင်း မွန်အမျိုးသားကျောင်း ၁၃၃ ကျောင်းရှိပြီး အဲ့ဒီကျောင်းတွေအတွက် မွန်ပြည်နယ်လွှတ်တော်ကတဆင့် ပြည်ထောင်စုလွှတ်တော်ဆီကို ဘတ်ဂျက် ကျပ်သိန်း ၈၀၀ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ဇွန်လကတည်းက တောင်းခံခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိ ထောက်ပံ့မှုမရရှိသေးပါဘူး။

သတင်း - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013