
စပါးကြီးမြွေ အောင်လအန်ဆန်း နဲ့ လေ့ကျင့်နေတဲ့ မြန်မာအမျိုးသမီး MMAဖိုက်တာ ဘိုဇီနာ အန်တိုနီယာဟာ လာမယ့်မတ် ၈ ရက်နေ့ သုဝဏ္ဏမိုးလုံလေလုံမှာ ကျင်းပမယ့် Regin of Valor ပြိုင်ပွဲမှာ မလေးရှားနိုင်ငံသူ အော်ဒရေ လော်ရာဘော်နီဖေစ့်နဲ့ ထိုးသတ်ရမှာဖြစ်ပါတယ်။
အန်တိုနီယာဟာ သူမရဲ့ ပထမဆုံးပွဲစဉ်မှာ ပြိုင်ဘက်ကို စက္ကန့်ပိုင်းနဲ့အနိုင်ယူပြီး One Championship သမိုင်းတလျှောက် အမြန်ဆုံး အလဲထိုးအနိုင်ရရှိသူတဦးအဖြစ် စံချိန်တင်ထားပါတယ်။
ဒုတိယပွဲစဉ်အဖြစ် ထိုင်းနိုင်ငံမှာ ထိုးသတ်တဲ့ ပွဲစဉ်မှာတော့ ထိုင်းနိုင်ငံသူ ရီကာအစ်ရှီဂီကို ပထမအချီမှာပဲ အလဲထိုးရှုံးနိမ့်ခဲ့ပါတယ်။
ရုပ်သံ - ဘိုဇီနာ အန်တိုနီယာ










