DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ ရန်ကုန်တိုင်းပညာရေးမှူးရုံး တာဝန်ရှိသူများ ကြည့်ရှု (ဓာတ်ပုံ)
DVB
·
March 7, 2019
တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ ရန်ကုန်တိုင်းပညာရေးမှူးရုံး တာဝန်ရှိသူများ ကြည့်ရှု (ဓာတ်ပုံ)
1 / 10
Donate to DVB

တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုနေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ ဒီကနေ့ မတ်လ ၇ ရက်နေ့မှာတော့ ဒုတိယမြောက်ဘာသာရပ်ဖြစ်တဲ့ အင်္ဂလိပ်စာဘာသာကို ဖြေဆိုနေကြပါတယ်။

ဒီကနေ့မှာ စာမေးပွဲဖြေဆိုနေကြတဲ့ ကျောင်းသား၊ကျောင်းသူတွေ စိတ်ပူပန်မှုမရှိဘဲ အဆင်ပြေပြေ ဖြေဆိုနိုင်ဖို့အတွက်ကို အားပေးတဲ့အနေနဲ့ အမျိုးသားပညာရေး မူဝါဒကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတာဝန်ရှိသူတွေနဲ့ ရန်ကုန်တိုင်းပညာရေးမှူးရုံးက တာဝန်ရှိသူ တွေ စာစစ်ဌာနတွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ဒီပညာသင်နှစ်မှာတော့ တက္ကသိုလ်ဝင်စာမေးပွဲ ၀င်ရောက်ဖြေဆိုဖို့ လျှောက်လွှာ တင်သွင်းသူ ၈ သိန်း၊ ၉ သောင်းကျော် ရှိပေမယ့် မနေ့က မြန်မာစာဘာသာရပ်ဖြေဆိုတဲ့ နေ့မှာ ကျောင်းသား ၅ သောင်းကျော် ပျက်ကွက်ခဲ့ပါတယ်။

အခုနှစ်မှာကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၆ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကျင်းပသွားမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013