DVB Logo
Home
မြန်မာသတင်း
မြောင်းမြတွင် စာမေးပွဲခန်းတာဝန်​ကျ​ ဆရာမ ၁ ဦး ရုတ်​တရက်​​ သေဆုံး
DVB
·
March 7, 2019
မြောင်းမြတွင် စာမေးပွဲခန်းတာဝန်​ကျ​ ဆရာမ ၁ ဦး ရုတ်​တရက်​​ သေဆုံး
Donate to DVB

ဧရာဝတီတိုင်း​ဒေသကြီး၊ မြောင်းမြမြို့မှာ တက္ကသိုလ်ဝင်တန်း စားမေးပွဲခန်းတာဝန်​ကျ​ ​ကျောင်းဆရာမတ​ဦး ​နေအိမ်​မှာ မတ်​လ ၆ ရက်​မနက်​ပိုင်းက ရုတ်တရက် သေဆုံးသွားပါတယ်။

မြောင်းမြမြို့ အမှတ်​ (၅) အ​ခြေခံပညာအထက်​တန်း​ကျောင်းက အထက်တန်းပြဆရာမ ​ဒေါ်ခင်အေးအေးမွန် အသက်​ ၅၄ နှစ်​ဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆိုမယ့်​​နေ့မှာ တာဝန်ထမ်းဆောင်ဖို့ ​ကျောင်းကို အချိန်မီမ​ရောက်​လာတဲ့အတွက်​ ​ကျောင်းစာရေးက သွားခေါ်စဉ် နေအိမ်မှာ လဲကျသေဆုံးတဲ့ ဆရာမကိုတွေ့ရှိခဲ့တာလို့ ဧရာဝတီတိုင်း​ ရဲတပ်​ဖွဲ့မှူး ရုံးက ​သိရပါတယ်​။

ဧရာဝတီတိုင်း​ဒေသကြီး ရဲတပ်​ဖွဲ့မှူးရုံးက  ဒုရဲမှူးကြီးထွန်းရွှေက "​မြောင်းမြကသူ့​နေအိမ်​မှာပဲ တယောက်​တည်း​နေတာပါ။ ​သွေးတိုးရှိတယ်​လို့ လတ်​တ​လောစစ်​​ဆေး​တွေ့ရှိထားပြီ၊ ​မြောင်းမြ မြို့မရဲစခန်းမှာ ​သေမှု​သေခင်း ဖွင့်​လှစ်​ထားပါတယ်​"လို့ ​ပြောပါတယ်​။

ဆရာမရဲ့အလောင်းကို ပက်လက်အနေအထားနဲ့ အိပ်ခန်းကုတင်အနီး ပြင်ပဒါဏ်​ရာ တစုံတရာမရှိဘဲ ​သေဆုံးနေတာကို တွေ့ရှိရတာ​ကြောင့် ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်မဟုတ် မြောင်းမြမြို့မရဲစခန်းက ​သေမှုသေခင်း ၆/ ၂၀၁၉ နဲ့ စစ်​​ဆေး​နေပါတယ်။

သတင်း- မြမင်းဦး(ပုသိမ်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013