DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသည့် အကျဉ်းသားများကို အာဟာရကျွေးမွေး
DVB
·
March 7, 2019
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသည့် အကျဉ်းသားများကို အာဟာရကျွေးမွေး
Donate to DVB

တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုနေကြတဲ့ အကျဉ်းသား၊ အချုပ်သားတွေကို အားဖြည့်စားသောက် ဖွယ်ရာတွေ ထောက်ပံ့ကျွေးမွေးခဲ့တယ်လို့ အကျဉ်းဦးစီးဌာနက ထုတ်ပြန်ပါတယ်။

လက်ရှိကျင်းပနေတဲ့ တက္ကသိုလ်ဝင် စာမေးပွဲကို နိုင်ငံတ၀န်း အကျဉ်းထောင် ၉ ခုက  အကျဉ်းသားနဲ့ အချုပ်သား ကျောင်းသူ၊ ကျောင်းသားပေါင်း ၁၇၁ ဦးတို့ စာစစ်ဌာန အသီးသီးမှာ ၀င်ရောက် ဖြေဆိုနေကြတာပါ။

အင်းစိန်ဗဟိုအကျဉ်းထောင်အာဏာပိုင်တွေက စာမေးပွဲဖြေမယ့် ကျောင်းသား ၁ ဦးကို နွားနို့ ၁ ခွက်၊ ကြက်ဥ ၁ လုံး၊ ငှက်ပျောသီးဖီးကြမ်း ၁လုံးတို့ကို စာမေးပွဲ ပြီးဆုံးမယ့်နေ့ရက်အထိ နေ့စဉ်နံနက်အစောပိုင်း အားဖြည့်အစားအစာ ကျွေးမွေးတာ၊ စာမေးပွဲ ဖြေဆိုမယ့် ၁ လအလိုက စပြီး ညပိုင်းမှာ ကော်ဖီမစ် ၁ ထုပ်၊ အင်နာဗွန်စီ အားဆေး ၁ လုံးနှုန်း ထောက်ပံ့ကျွေးမွေး နေတာလို့ ဆိုပါတယ်။

မန္တလေးဗဟိုအကျဉ်းထောင်မှာလည်း စာမေးပွဲဖြေဆိုသူ ၇၀ ကျော်ကို ထောင် ဆရာဝန်က နေ့စဉ်ကျန်းမာရေးစစ်ဆေးသလို အင်နာဗွန်စီအားဆေး တရက် ၁ လုံးနှုန်း၊ ဖြည့်စွက်အာဟာရအဖြစ် ကြာဇံကြော်၊ ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ မုန့်တီသုပ်၊ လက်ဖက်ထမင်း၊ ကြက်ကီးမား၊ ထမင်းဆီဆမ်း၊ နန်းကြီးသုပ်၊ ကော်ဖီနဲ့ မုန့်တွေ ကျွေးမွေးနေတယ်လို့ဆိုပါတယ်။

နိုင်ငံတ၀န်းရှိ တခြား အကျဉ်းထောင်တွေမှာလည်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမယ့် အကျဉ်းသား အချုပ်သားတွေကို အလားတူ ကျွေးမွေးတယ်လို့  အကျဉ်းဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ပုံ- အကျဉ်းဦးစီးဌာန

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013