DVB Logo
Home
မြန်မာသတင်း
ဒရုန်းလွှတ်တင်မှုဖြင့် ထောင်ဒဏ် ၁ လကျခံနေရသည့် ပြင်သစ်နိုင်ငံသားကို ပြည်နှင်ဒဏ်ပေး
DVB
·
March 7, 2019
ဒရုန်းလွှတ်တင်မှုဖြင့် ထောင်ဒဏ် ၁ လကျခံနေရသည့် ပြင်သစ်နိုင်ငံသားကို ပြည်နှင်ဒဏ်ပေး
Donate to DVB

နေပြည်တော်မှာ ခွင့်ပြုချက်မရှိဘဲ ဒရုန်းလွှတ်တင်ခဲ့တာကြောင့်  အလုပ်နဲ့ ထောင်ဒဏ် ၁ လကျခံရတဲ့ ပြင်သစ်နိုင်ငံသားကို ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။

ပြင်သစ်နိုင်ငံသား Mr.MICHEL DESCLAUX ဟာ မြ၀တီနယ်စပ်ကနေ တရားဝင်ဗီဇာနဲ့ လာရောက်လည်ပတ်တာဖြစ်ပြီး ဖေဖော်ဝါရီ ၇ ရက်က လွှတ်တော်နားမှာ ဒရုန်းလွှတ်တင် ဗီဒီယို ရိုက်ကူးမိခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီလို လွှတ်တင်မိခဲ့တဲ့အတွက် ပြင်သစ်နိုင်ငံသားကို ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၁ လ ဥတ္တရသီရိမြို့နယ်တရားရုံးက ချမှတ်ခဲ့ပြီးတော့ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃(၁)နဲ့ မြန်မာနိုင်ငံလေကြောင်း အက်ဥပဒေပုဒ်မ ၁၀ တို့နဲ့လည်း တရားစွဲ ခံထားရတာဖြစ်ပါတယ်။

မတ်လ ၆ ရက်နေ့ကတော့ တရားစွဲဆိုခံထားရတဲ့ အမှုတွေအားလုံးကို အမိန့်ချမှတ်ခဲ့ပြီး ပြည်နှင်ဒဏ်ပါ ပေးခံခဲ့ရတာဖြစ်ပါတယ်။

လ၀ကဦးစီးအရာရှိ ဦးမြင့်ဇော်က “လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ ချုပ်နှောင်ခြင်းနည်းဥပဒေ ၂ (၁)အရ ပြည်နှင်ခွင့်မကျခင်ကာလအတွင်းမှာ ချုပ်လို့ရပါတယ်။ ၁၅ ရက်ထက်မပိုဘဲနဲ့ ချုပ်လို့ရပါတာပေါ့။ အဲ့တော့ သူအာမခံ မလာမချင်းအထိပေါ့”လို့ ပြောပါတယ်။

ဒါပေမယ့် အဆိုပါပြင်သစ်နိုင်ငံသားအတွက် ကျပ်သိန်း ၁၀၀ နဲ့ အာမခံပေးမယ့် သူမရှိတာကြောင့် အချုပ်ထဲမှာ ဆက်နေနေရပါတယ်။

ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ပြင်သစ်သံရုံး ကောင်စစ်ဝန်ကတော့ “တရားရုံးက အမိန့်ချမှတ်ဆောင်ရွက်ပေးမှုအပေါ် ကျေနပ်ပါတယ်။ ကံမကောင်းစွာနဲ့ သူ့မိသားစုရဲ့ အသိမရှိဘူးပေါ့၊ အသိမရှိတော့ ဒီမှာပဲ ဆက်နေရအုံးမယ်ပေါ့။ သံရုံးအနေနဲ့က အာမခံပေးလို့မရဘူး။ တကယ်တော့ အာမခံပေးတယ်ဆိုတာ လူကိုယ်တိုင်က လုပ်ပေးရမယ့် ကိစ္စမို့ပါ”လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013