DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲဖြေရန် ကျောင်းသားပေါင်း  ၅၀၀၀၀ ခန့် ပျက်ကွက်
DVB
·
March 6, 2019
တက္ကသိုလ်ဝင်စာမေးပွဲဖြေရန် ကျောင်းသားပေါင်း  ၅၀၀၀၀ ခန့် ပျက်ကွက်
Donate to DVB

ဒီနေ့ စတင်ဖြေဆိုတဲ့ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာမှာ ကျောင်းသားပေါင်း ၅၀၀၀၀ လောက် ပျက်ကွက်ခဲ့တယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လူဦးရေအများဆုံး ပျက်ကွက်တာကတော့ ရန်ကုန်တိုင်းဖြစ်ပြီး ဖြေဆိုဖို့ စာရင်းရှိသူ ၁၂၉၆၇၉ ယောက်မှာ ၇၉၂၀ ယောက် ပျက်ကွက်ပါတယ်။ လူဦးရေ ဒုတိယအများဆုံး ပျက်ကွက်တာကတော့ ဧရာဝတီတိုင်းဖြစ်ပြီး စာရင်းရှိသူ ၉၄၉၄၂ ယောက်မှာ ၆၃၇၁ ယောက် ပျက်ကွက်ပါတယ်။

မန္တလေးတိုင်းမှာ ၄၅၂၄ ယောက်၊ စစ်ကိုင်းတိုင်းမှာ ၄၃၀၃ ယောက်၊ မကွေးတိုင်းမှာ ၃၀၃၆ ယောက် ပျက်ကွက်ကြပြီး တနိုင်ငံလုံးမှာ စုစုပေါင်း ၄၆၄၂၄ ယောက် ပျက်ကွက်ပါတယ်။

ချင်းပြည်နယ်က ပျက်ကွက်မှု ရာခိုင်နှုန်း အများဆုံးဖြစ်ပြီး ၁၂၁၁၄ ယောက် ဖြေဆိုဖို့ စာရင်းပေးရာမှာ ၁၃၄၃ ယောက် ပျက်ကွက်ခဲ့တာပါ။

ရာခိုင်နှုန်းအရ ဒုတိယအများဆုံးက ၆ ဒသမ ၉၆ ရာခိုင်နှုန်း (လူဦးရေ ၁၄၄၃ ယောက်) နဲ့ ကရင်ပြည်နယ်ဖြစ်ပြီး တတိယ အများဆုံးကတော့ ၆ ဒသမ ၈၅ ရာခိုင်နှုန်း (လူဦးရေ ၃၁၁၈ ယောက်) နဲ့ ရခိုင်ပြည်နယ် ဖြစ်ပါတယ်။

ဒါပေမယ့် မနှစ်ကထက် ဖြေဆိုဖို့ စာရင်းပေးသူများလာကြပြီး ပျက်ကွက်သူကတော့ လျော့သွားကြပါတယ်။ မနှစ်က နိုင်ငံခြားစာစစ်ဌာနမှာ ၁ ယောက်ပျက်ကွက်ခဲ့ပြီး ဒီနှစ်မှာတော့ ပျက်ကွက်သူ မရှိပါဘူး။

ဒီနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ လျှောက်လွှာတင်သွင်ထားတဲ့ ကျောင်းသားဦးရေ ၈၉၀၀၀၀ ကျော်ရှိပြီး အဲဒီကျောင်းသားတွေဟာ စာစစ်ဌာနပေါင်း ၁၈၀၀ ကျော်မှာ ၀င်ရောက်ဖြေဆိုနေကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013