DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးမြို့နယ်တွင် ပုပ်ပွသေဆုံးနေသည့် ရဲတပ်ကြပ် တဦး၏ အလောင်းတွေ့ရှိ
DVB
·
March 6, 2019
တိုက်ကြီးမြို့နယ်တွင် ပုပ်ပွသေဆုံးနေသည့် ရဲတပ်ကြပ် တဦး၏ အလောင်းတွေ့ရှိ
Donate to DVB

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ အမှတ် (၁) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း (ဂျိုးဖြူ) မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ လျှိုထဲမှာ ပုပ်ပွ သေဆုံးနေတဲ့ အလောင်းတလောင်းကို တွေ့ရှိခဲ့တယ်လို့ တိုက်ကြီးမြို့မ ရဲတပ်ဖွဲ့က သိရပါတယ်။

မတ်လ ၃ ရက် ညနေပိုင်းက အုပ်ချုပ်ရေးမှူးက အကြောင်းကြားခဲ့လို့ သွားကြည့်ခဲ့ရာ ကျောကုန်းမှာ နဂါးရုပ် ဆေးမင်ကြောင် ထိုးထားတဲ့ အမျိုးသားတဦးကို မှောက်လျက် အနေအထားနဲ့ ပြင်ပဒဏ်ရာမရှိဘဲ ပုပ်ပွသေဆုံး နေတာကို တွေ့ရှိခဲ့တာပါ။

အလောင်းကို ရဲဆေးစာနဲ့တိုက်ကြီး ဆေးရုံကိုပို့ဆောင်ပြီး  စုံစမ်းစစ်ဆေးရာမှာ သေဆုံးသူဟာ ဒဂုံအရှေ့ မြို့မ ရဲစခန်းက ရဲတပ်ကြပ်တဦးဖြစ်တဲ့အကြောင်း သိရှိခဲ့ရတယ်လို့  တိုက်ကြီးမြို့မ ရဲစခန်းတာဝန်ရှိသူ တဦးကပြောပါတယ်။

သေဆုံးသူ ရဲတပ်ကြပ်ဟာ ဖေဖော်ဝါရီ ၁၈ ရက်မှ မတ်လ ၈ ရက်နေ့အထိ ဖွင့်လှစ်ထားတဲ့ အမှတ် (၁) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှာ မိုင်းရှာဖွေရှင်းလင်းတဲ့ သင်တန်းကို တက်ရောက်နေသူဖြစ်ပြီး ဖေဖော်ဝါရီ ၁၉ ရက်က စတင်ကာ ခွင့်မဲ့ ပျက်ကွက်နေသူဖြစ်တယ်လို့လည်း ပြောပါတယ်။

သေဆုံးသူဟာ အရက်သေစာ အမြဲသောက်စားလေ့ရှိကြောင်းနဲ့ အရက်မသောက်ရပါက သတိလွတ်ကာ ခြေဦးတည့်ရာသို့ သွားလာတတ်သူဖြစ်တယ်လို့ ဇနီးဖြစ်သူထံက သိရပါတယ်။

သေဆုံးမှုနဲ့ ပတ်သက်ပြီး တိုက်ကြီးမြို့မ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၆/ ၂၀၁၉ နဲ့ အမှုဖွင့်စစ်ဆေး နေပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013